နွေးသွားသည့် ပါးပြင်ကိုပြန်စမ်းကာ ကောင်းကင်အကို့အား
မျက်လုံးပြူးဖြင့်ကြည့်နေမိသည်။"အဲ့လောက်တောင် လန့်စရာကောင်းနေတာလားကွာ"
"အိမ်…အိမ်ရှေ့ကြီးမှာလေ……အကိုမကောင်းဘူး"
"ဘယ်သူမှမမြင်ပါဘူး မင်းအမလဲ အိမ်ထဲဝင်သွားပြီ
မင်းကိုမြင်တာနဲ့အသဲယားနေမိလို့""ကျနော့်ရင်ဘတ်ကြီးပေါက်ထွက်တော့မယ်ထင်တယ်"
"ပေါက်မထွက်ချင်ရင် ကိုယ့်ကိုအဖြေပေးတော့လေ"
"ကျနော့်မှာသက်ဆိုင်သူရှိတယ်လေ"
ကားကိုစထွက်ရင်း အကိုကအဓိပ္ပာယ်ပါသည့်အပြုံးတစ်ခုကိုဖန်ဆင်းသည်။
ကောင်းကင်ရဲ့နှလုံးသားတည်ရှိရာ သွားတက်လေးတွေက ကြည့်ကောင်းစွာပေါ်လာပြန်သည်။
ယောကျာ်းတစ်ယောက်သွားတက်ပါနေတာ တစ်မျိုးပေမဲ့ အကိုနဲ့တော့ လိုက်ဖက်လွန်းသည်။"အဲ့လူကို ကိုယ်တွေ့ချင်တယ်လို့"
"မရဘူးဗျ"
"ဘာလို့လဲ ကိုယ်ကသူနဲ့တွေ့ပြီး ကောင်းကင်ကိုပေးပါဆိုပြီး
တောင်းမလို့လေ""အဲ့လူကို ကျနော်မှမသိတာ"
"ကိုယ်လိုက်ရှာရမလား"
"ဟင့်အင်း မရှာပါနဲ့ အခုလိုပြောပြတာကတောင်
ကျနော့်လျှို့ဝှက်ချက်တွေအကုန်ပေါ်နေပြီဗျ""ဘာလို့ လျှို့ဝှက်ချက်တွေပြောပြတာလဲ
လျှို့ဝှက်ချက်ဆိုတာ ကိုယ်တစ်ယောက်ထဲထိန်းသိမ်းထားရတာမဟုတ်ဘူးလား""ဟုတ်ပါတယ် ဒါပေမဲ့ ဒါတွေပြောမှ အကိုက ကျနော့်ကိုမချစ်တော့မှာလေ"
"ဘယ်သူကပြောလဲ ကောင်းကင်ကိုမချစ်ဘူးလို့
လုံးဝနော် ကိုယ်မင်းကိုအချစ်မလျော့ဘူး နောက်ပြီး မင်းမသိတဲ့ မင်းရဲ့လျှို့ဝှက်ချက်ရှိသေးတယ်""ဗျာ……ကျနော့်လျှို့ဝှက်ချက်"
"အင်း နောက်တော့သိလိမ့်မယ် အခုပြော
သက်ဆိုင်သူဆိုတဲ့ အဲ့ဒီလူကို ကိုယ်ရှာရမလား
ဒါမှမဟုတ် ကောင်းကင်ကိုယ်တိုင်ရှာမလား"
ВЫ ЧИТАЕТЕ
Любовные романыBL(1.9.2020)