🌺နှောင်တွယ်ရစ်သောကြိုး🌺"ခန့်တည် မအိပ်သေးရင် ကိုကိုနဲ့စကားပြောရအောင်
ခြံထဲဆင်းခဲ့ပါလား""ဟုတ် ကိုကို ကျနော်ဆင်းခဲ့မယ်"
အခန်းတံခါးခေါက်ကာ တကူးတကလာခေါ်သည့်ကိုကိုက တိုင်ပင်စရာရှိနေသည့်ပုံ။
လေ့လာနေသည့် ဆေးစာအုပ်ကိုပိတ်ကာ အောက်ဆင်းလာခဲ့သည်။
ကိုးနာရီကျော်ပြီမို့ အဖွားလဲအိပ်ယာဝင်သွားပြီဖြစ်သည်။
ခြံထဲရှိစားပွဲဝိုင်းတွင် ကိုကိုထိုင်နေသည်။"ကိုကို ကျနော်ရောက်ပြီ"
"အော် အင်း ငါမင်းကိုတိုင်ပင်ချင်လို့"
"ဘာလဲကိုကို ကုမ္မဏီကိစ္စလား
အဖွားကိုတိုင်ပင်တာပိုကောင်းမယ်ထင်တယ်နော်""အလုပ်ကိစ္စမဟုတ်ဘူး အိမ်ထောင်ရေးကိစ္စ"
"မရီးနဲ့အဆင်မပြေလို့လား
ကိုကိုတို့ ပြသနာဖြစ်တာလဲမတွေ့ပါဘူး""အဲ့လိုမရှိပါဘူး အခုက မင်းမရီးက အိမ်ခွဲနေချင်တယ်ပြောနေလို့"
"အိမ်ခွဲနေမယ်……လက်ထပ်ပြီးတာပဲသိပ်မကြာသေးတာကို
အဖွားက ခွင့်ပြုပါ့မလား""အဲ့ဒါပြောတာကိုကိုလဲ အဖွားက အပြတ်ပြောပြီးသား
ဒီအိမ်မှာပဲနေရမယ်တဲ့ ကိုကိုလဲ အိမ်မခွဲချင်ဘူး
ကိုကိုတို့မှာ အဖွားပဲရှိတာလေ""မရီးက အတင်းအကျပ်ပြောနေလို့လား ကိုကို့ကို"
"အတင်းတော့မပြောသေးဘူး
ကိုကိုမင်းကိုတိုင်ပင်ကြည့်တာ""သိပ်စိတ်ကူမနေပါနဲ့ မရီးကလဲ အစမို့ နေသားမကျသေးလို့ဖြစ်မှာပါ"
"အင်း ဒါနဲ့ ဒီတလော မင်းကုမ္မဏီကို ခဏခဏလာတယ်နော်
ကိုကို့ရုံးခန်းထိလဲမလာဘူး""အဟမ်း အဲ့ဒါကကိစ္စလေးရှိလို့ပါ"
"ထက်ကောင်းကင်ကို လာတွေ့တာမို့လား
လုံခြုံရေးက ပြောလို့ ကိုကိုသိတယ်""အာ…တကူးတကလာတာတော့မဟုတ်ပါဘူး
ဒီတိုင်းကြုံလို့""ကြုံတာကလဲ ထက်ကောင်းကင်တစ်ယောက်ပဲကြုံတာလား
မင်းထက်ကောင်းကင်အမကိုများ မျက်စိကျနေတာလား"
ВЫ ЧИТАЕТЕ
Любовные романыBL(1.9.2020)