🌺နှောင်တွယ်ရစ်သောကြိုး🌺
"မမ ငါရင်ခုန်လို့သေတော့မှာပဲ"
"ငါ့မောင်လေးကချောလွန်းလို့ ဒေါက်တာ့လက်ထဲတောင်မထည့်ချင်တော့ဘူး"
"အကို့ကိုမြင်ချင်လိုက်တာ အရမ်ချောမှာပဲနော် အကိုက"
"နင့်ယောကျာ်း နင်အမြဲမြင်နေရတာလေ
ငါဘယ်သိမှာတုန်း""သမီးငယ်ရော"
"အပြင်မှာ မေမေတို့နဲ့ရှိတယ်
ပန်းကျဲဖို့ အဆင်သင့်နင့်သမီးက
အခုမှပဲမြင်ဖူးတော့တယ် အဖေနှစ်ယောက်မင်္ဂလာဆောင်တာ ပန်းကျဲရတဲ့ သားသမီး""ငါ့သမီးက ကံကောင်းတာလေ"
*ဒေါက်……ဒေါက်……*
"ကောင်းကင်ရေ မမကြည်နူးပါ ဝင်ခဲ့မယ်နော်"
"ဟုတ် မမ"
မမကြည်နူးက ပန်းစည်းအဖြူလေးကိုင်ကာ အခန်းထဲဝင်လာသည်။
"ကောင်းကင် ခဏနေအပြင်ထွက်ရတော့မှာ
ပန်းစည်းလေးကိုင်အုံးမလား မမယူလာတာ""တော်ပါပြီ မမ ယောကျာ်းလေး ပန်းစည်းနဲ့ မလိုက်ပါဘူး"
"အေးပါ ခန့်တည်ကတော့ အပြင်ရောက်နေပြီ"
"ဒါဆိုကျနော်လဲထွက်ခဲ့မယ်လေ"
"အင်း သွားရအောင်"
မမတို့နဲ့အတူ ကောင်းကင်အခန်းထဲကထွက်လာခဲ့သည်။
ဟိုတယ်တွေမှာ မင်္ဂလာပွဲမလုပ်တော့ပဲ
အဖွားအိမ်မှာပဲ မင်္ဂလာပွဲစီစဉ်လိုက်ကြသည်။အိမ်ထဲကထွက်လာတော့ မလှမ်းမကမ်းတွင် အဖွားနဲ့အတူ ဖေဖေမေမေတို့ရပ်နေကြသည်။
အကို့ဖေဖေနဲ့အဒေါ်လဲလာကြတာမို့ အကိုက တော်တော်လေးပျော်နေပုံရသည်။
အဖွားဘေးမှာရပ်နေသည့် အကိုက ကောင်းကင်ကိုမြင်သွားပြီ လာခေါ်သည်။"အကို ကျနော်ကြည့်ကောင်းလားဗျ"
"အင်း အများကြီး ကြည့်ကောင်းတယ်
ကိုယ့်ကောင်းကင်လေးကို သူများမြင်မှာတောင်ဆိုးတယ်ကွာ""အကိုကလဲ … မမတို့ရှိနေတာ ဘာတွေလျှောက်ပြောမှန်းမသိဘူး"
"အမလေးဟယ် ရှက်နေပြန်တာလား
ကောင်းကင် တကယ်ပဲ နင်ကတော့"ကြယ်စင်က မောင်ဖြစ်သူကို အပြုံးနှင့်ကြည့်နေရင်းပြောသည်။