🌺နှောင်တွယ်ရစ်သောကြိုး🌺
ခန့်တည်ဆေးရုံသွားဖို့ ပြင်ဆင်ပြီး အောက်ထပ်ဆင်းလာတော့
ကိုကိုတို့လဲ ကုမ္မဏီသွားဖို့ မနက်စာစားနေကြသည်။"မြေးငယ် မင်းဆေးရုံသွားရင်
မင်းအမကို ဝင်ပို့ပေးခဲ့လိုက်ပါလား
မြေးကြီးကုမ္မဏီနဲ့က တစ်လမ်းစီဖြစ်နေတော့လေ""အာ…ကျနော် အချိန်မရလောက်ဘူးအဖွားရဲ့
ကိုကိုပဲလိုက်ပို့လိုက်ပါ မရီးကလဲ ကိုကိုနဲ့သွားချင်မှာပဲလေ"မရီးကိုကြည့်တော့လဲ အဖွားစီစဉ်သလိုပဲသွားမည့်ပုံ။
"ခန့်တည်ကို အေးအေးဆေးဆေးသွားပါစေအဖွားရဲ့
ကြည်နူးကို ကျနော်ပဲလိုက်ပို့လိုက်ပါ့မယ်""မြေးကြီး ရုံးချိန်နောက်ကျမှာစိုးလို့ပါ
နောက်ရက်မှ အဖွားကားတစ်စီးလောက်ကြည့်ပါအုံးမယ်
မြေးမလေးအတွက်အဆင်ပြေအောင်""နေပါစေအဖွား ကြည်နူးအိမ်ကကားယူလိုက်မယ်
မဟုတ်လဲ ကြည်နူးစီးနေကျကားက အိမ်မှာအပိုဖြစ်နေမှာ""ဘယ်ဖြစ်မှာလဲမြေးမလေးရယ်
အဖွားမြေးနဲ့လက်ထပ်ထားတာ အိမ်ကပစ္စည်းပြန်ယူနေစမလိုပါဘူး
တစ်ရက်နှစ်ရက်တော့ သီးခံပေး အဖွားကားစီစဉ်လိုက်မယ်""အဖွားပြောသလိုပဲ လက်ခံလိုက်ပါကြည်နူးရယ်
ကားမရောက်ခင် ကိုယ်လိုက်ပို့မယ်""အင်းပါ"
ကိုကိုနဲ့ခန့်တည်ကတော့ အဖွားစိတ်ကိုသိတာမို့
အဖွားတစ်ခုခုစီစဉ်တိုင်း ငြင်းလေ့မရှိ။"မြေးမလေး အိမ်မှာနေရတာ အဆင်မပြောတာရှိရင်ပြောနော်အဖွားက အဖွားအိမ်မှာ နေရတာ အကောင်းဆုံးဆိုတာမျိုးပဲကြားချင်တာ"
"ဟုတ် အဆင်ပြေပါတယ်အဖွား"
"မြေးလိုချင်တာရှိရင်လဲ အဖွားကိုပြော
မိဘစီကပြန်မတောင်းမိစေနဲ့""ဟုတ်"
အဖွားရဲ့သဘောထားက သူ့အရိပ်ကိုရောက်လာပြီဆိုရင်
တခြားသူစီက လက်ဖြန့်တောင်းတာကိုလုံးဝမကြိုက်။
သူ့စီမှာ လိုသလောက်တောင်းအကုန်ပေးမည်ဖြစ်သည်။
ကိုယ့်အားကိုကိုးကာ ဘဝကိုရှေ့ဆက်ချင်သူအတွက်ဆိုလျှင်တော့
အဖွားသဘောထားက အနည်းငယ်အောင့်သက်သက်နိုင်လိမ့်မည်။