🌺နှောင်တွယ်ရစ်သောကြိုး🌺"ကောင်းကင် ကိုယ့်ကိုကြည့်လေ"
"ကျနော် ရှက်လို့ဗျ……မကြည့်ချင်ဘူး"
အတင်းပဲကြည့်ခိုင်းနေသည့် အကို့ကိုမကြည့်ရဲစွာ
ကောင်းကင်မျက်နှာလွှဲထားမိသည်။
စကားပလ္လင်တောင်မခံပါဘဲချစ်တယ်ပြောလာသည်မို့
လက်ဖျားတွေပင်အေးစက်နေရသည်။ချစ်တယ်ဆိုသည့်စကားကို အကို့စီကမျှော်လင့်ခဲ့သော်လည်း
လက်ခံလိုက်ဖို့အထိတော့ ကောင်းကင်မတွေးခဲ့ပါ။
အခြေအနေတွေကတူမှမတူညီဘဲ။
ကောင်းကင်အတွက်နဲ့တော့ အကို့ဘဝကို မငြိုးနွမ်းစေလိုပါ။"ဒီတိုင်းပဲနေမယ်ဆို မိုးလင်းသွားလိမ့်မယ်နော်
အဖြေပြန်ပေးဖို့စဉ်းစား""ကျနော်မသိဘူးအကို……ကျနော်ပျော်တယ်
ဒါပေမဲ့ အကို့အတွက် ကောင်းတဲ့အဖြေပေးဖို့အထိတော့
ကျနော်သတ္တိမရှိဘူး……ဒီတိုင်း အကို့ကို ငေးကြည့်ရတာနဲ့တင်
ကျနော်ကျေနပ်လို့""ကိုယ်ကတော့ ငေးကြည့်ရယုံနဲ့မကျေနပ်နိုင်ဘူးကောင်းကင်
ကိုယ်မင်းကိုချစ်သလို ပိုင်လဲပိုင်ဆိုင်ချင်တယ်
မင်းက သမီးလေးအတွက်တွေးပြီး ငြင်းမယ်ဆိုရင်တောင်
ကိုယ်ကတော့ ရှေ့ဆက်အုံးမှာ မင်းတို့နှစ်ယောက်လုံးကို
ကိုယ့်အရိပ်ထဲမှာ အေးချမ်းအောင်ထားမှာ""နောက်မှ…နောက်မှ ကျနော်တို့ဆက်ပြောရအောင်လား
ကျနော်ပြန်ချင်ပြီ"နှုတ်ခမ်းလေးကိုက်ကာ မရဲတရဲတောင်းဆိုလာတော့
ခန့်တည်အတင်းအကျပ်မပြောလိုတော့။
ကောင်းကင်ကိုယ်လေးကို ခါးကနေကိုင်ကာ အောက်ချပေးတော့
မော့ကြည့်လာသည်။ပုခုံးနှစ်ဖက်ကိုဆုပ်ကိုင်ကာ အကြည့်ချင်းဆုံပြန်တော့
ရှောင်လွှဲဖို့ကြိုးစားနေသည်။
အကြောက်တရားတချို့ကိန်းအောင်းနေတဲ့ အဲ့ဒီမျက်ဝန်းတွေက ရင်မောစေတာတော့အမှန်။"ကောင်းကင် ကိုယ့်ကိုပဲကြည့်စမ်းပါ"
နာခံတက်သူလေးဟာ ခန့်တည်စကားအတိုင်းကြည့်လာသည်။
"မင်းမျက်လုံးတွေက ဖြူစင်တယ် အခုချိန်ထိပဲ
နောက်လဲ အခုလိုပဲရှိနေပေး မင်းမျက်လုံးထဲက
အကြောက်တရားတွေကို ဖယ်ရှားပစ်လိုက်
မင်းဘာပဲဖြစ်နေဖြစ်နေ ကိုယ်လက်ခံဖို့အသင့်ပဲ
လွယ်လွယ်ပြောတဲ့စကားမဟုတ်ဘူးကောင်းကင်
ကိုယ်အများကြီးစဉ်းစားပြီးမှ မင်းကိုဖွင့်ပြောတာ"