Part 17
18.7K 1.8K 105
ခန့်တည်မနက်7နာရီလောက် ကောင်းကင်အိမ်ကိုရောက်သွားတော့
ကောင်းကင်အဖေက အံ့သြဟန်ပြသည်။
တွေ့ချင်လွန်းသည့်ခန့်တည်က မနက်စာပင်မစားနိုင်ခဲ့ဘဲ အပြေးလာခဲ့မိတာကို။
သူများအိမ်အစောကြီးလာပြီး သားဖြစ်သူကို ပိုးပန်မည့်ရေးမို့
ကောင်းကင် မိဘတွေအနေနဲ့ မသိရင်တောင် အနည်းငယ်တော့ ရိပ်မိလိမ့်မည်ထင်ပါသည်။
"အယ် ဒေါက်တာ ရောက်နေတာလား"
"ဟုတ်တယ်ဗျ ဆရာမ မြတ်ဘုန်းကသူမအားတာနဲ့
ကောင်းကင်ကို ဆေးချိတ်ပေးဖို့ လှမ်းပြောလို့ ကျနော်လာခဲ့တာပါ"
ကောင်းကင်မိဘနှစ်ပါးရှေ့မှာ ဟန်မပျက်ထိုင်နေတုန်း
ဆရာမကြယ်စင်ကရောက်လာသည်။
"လာလာဒေါက်တာ ကျမလိုက်ပို့မယ်ကောင်းကင်အခန်းကို"
"ဟုတ်ကဲ့ အန်ကယ်နဲ့အန်တီ ခွင့်ပြုပါအုံး"
"အေးအေး"
လူကြီးတွေရှေ့ကထွက်လာမှ ခန့်တည်အသက်ရှူချောင်ရသည်။
"ဒေါက်တာ ကောင်းကင်ညကလဲ ထပ်ဖျားသေးတယ်သိလား
အဲ့ဒါလေ ဒေါက်တာကသေချာလေးစောင့်ကြည့်ပေးပါအုံး"
"စောင့်ကြည့်ရမယ်…"
"ဟုတ်တယ်ဒေါက်တာရဲ့ ဒီနေ့ကျောင်းမှာစုံညီပွဲရှိလို့
ဖေဖေနဲ့မေမေကိုရောတူမလေးကိုရော ကျမခေါ်သွားမှာမို့
အိမ်မှာကောင်းကင်တစ်ယောက်ထဲကျန်ခဲ့ရမှာ ပြန်ပြန်ဖျားနေတော့ ကျမစိတ်မချလို့ ဒေါက်တာအဆင်မပြေရင်လဲ မြတ်ဘုန်းကိုပဲ အကူအညီတောင်းကြည့်လိုက်ပါ့မယ်"
"ပြေပါတယ် ကျနော်စောင့်ပေးမှာမို့ ဆရာမတို့ သွားပါ
ကောင်းကင်အတွက်စိတ်မပူပါနဲ့ဗျ"
"ဟုတ် ဒေါက်တာနဲ့ဆို ကျမစိတ်မပူပါဘူး
ဆန်ပြုတ်လဲအဆင်သင့်ပြုတ်ထားပါတယ်ဒေါက်တာ
သေချာလေးကျွေးပေးပါအုံး ညကတော့ လက်တွေလဲကိုက်တယ်ပြောတယ်ရှင့် ဇွန်းကိုင်လို့အဆင်ပြေပါ့မလားတောင်မသိဘူး"
"ကိစ္စမရှိပါဘူးဆရာမ ကျနော်အဆင်ပြေအောင်ကျွေးလိုက်ပါ့မယ်"