🌺နှောင်တွယ်ရစ်သောကြိုး🌺
"သတို့သားမောင်မင်းရန်နိုင်၏ညီ ဒေါက်တာခန့်တည်နိုင်မှ မင်္ဂလာလက်စွပ်ဖြင့် ဂုဏ်ပြုမှာဖြစ်ပါတယ်"
ဆော်သြသူ၏စကားဆုံးတော့ မစီမဆိုင် ကောင်းကင်ရင်တထိတ်ထိတ်ဖြစ်ရသေးသည်။
ထိုသူသည် ကောင်းကင်၏သမီးငယ်အား ဒေါ်မိုးမြင့်နိုင်၏ဘေးသို့ထိုင်စေပြီး မတ်တပ်ထရပ်သည်။
ဧည့်သည်တွေရှိရာ တစ်ချက်ကြည့်၍ပြုံးကာ သတို့သား သတို့သမီးအနားသို့ လျှောက်လာသည်။ထိုသူ၏ခြေလှမ်းတိုင်းမှာ ကောင်းကင်ရဲ့ရင်ခုန်သံတွေဆိုတာ အတိုင်းအဆမဲ့။
ထိုသူ……။
ကောင်းကင် အလိုရှိခဲ့သော လေပြေ။
ကိုယ်က အမြဲငေးမောခဲ့ရသူမို့ ယနေ့ထက်တိုင် မှတ်မိနေခဲ့သည်။
ကောင်းကင်မျှော်ငေးခဲ့သော ခပ်ချောချောထိုယောကျာ်းဟာ
ဒေါက်တာခန့်တည်နိုင်တဲ့လား။"ကောင်းကင် ငိုနေတာလား"
"ဟင် ဗျာ……မဟုတ်ပါဘူး"
"အော် မင်းမျက်ရည်တွေဝိုင်းနေလို့ တစ်ခုခုဖြစ်လို့လား"
"ဘာမှမဖြစ်ပါဘူး ဂျာကြီး မျက်တောင်မွှေးစူးသွားတာပါ"
ပျော်သွားသည်လား ဝန်လေးသွားသည်လား မသဲကွဲသည့်ခံစားချက်က မျက်ရည်အဖြစ် ပြောင်းလဲဟန်တူပါသည်။
မဆုံတော့ဘူးလို့ ယူဆထားခဲ့ပြီးမှ မျှော်လင့်ခြင်းက ပြန်လည်အသက်ဝင်လာတော့ နှုတ်ခမ်းပါးတို့ ကွေးညွှတ်သည်အထိ ပြုံးမိတာကိုတော့ဝန်ခံပါသည်။
ထိုသူအားမျှော်လင့်မိခြင်းသည် အဘယ်သို့သော စိတ်နဲ့ဆိုတာတော့ ကောင်းကင်မဝေခွဲနိုင်သေး။
ချစ်ခြင်းသည်လား အားကျအတုယူမိခြင်းသည်လား မကွဲပြား။ပြီးဆုံးသွားသည့် အခန်းအနားသိမ်းစကားလုံး၏နောက်တွင် သမီးငယ်အား ခေါ်ဖို့ စင်မြင့်စီသို့ကောင်းကင်လာခဲ့သည်။
ဧည့်သည်တွေလဲ မရှိတော့ပြီမို့ ကုမ္မဏီကလူတချို့သာကျန်သည်။"သမီးငယ်"
"ဖေဖေ……"
ူသူဋ္ဌေးတို့ကြားမှ ဓာတ်ပုံအရိုက်ခံနေသည့် သမီးငယ်က
လက်ပြရင်း လှမ်းခေါ်သည်။
တစ်ဆက်ထဲရလိုက်သည်က ခြေချိတ်ထိုင်နေသော ထိုသူထံမှ အကြည့်စူးစူး။