🌺နှောင်တွယ်ရစ်သောကြိုး🌺
"ဖေဖေ ပြန်လာပြီ"
"သမီးငယ် ဖြေးဖြေး ချော်လဲတော့မှာပဲ"
"ဖေဖေ မုန့်ရော"
"ပါတာပေါ့သမီးငယ်ရဲ့
ရော့……"သမီးငယ်အကြိုက်ကိတ်မုန့်ကို ဝင်ဝယ်ခဲ့ရသေးသည်။
"မြတ်ဘုန်း လာထိုင်လေ"
"တော်တော်တူတယ်"
"ဘာတူတာလဲ ထိုင်ပါဆို"
"အော် ဘာမှ မဟုတ်ပါဘူး
မင်းနဲ့တူတယ်လို့ ကလေးက""ငါ့သမီးပါဆို ငါနဲ့တူရမှာပေါ့
အအေးသောက်မလား""တော်ပြီ မသောက်တော့ဘူး
အန်တီနဲ့အန်ကယ်ရော""ဖေဖေက အလုပ်မှာပဲရှိအုံးမယ်ထင်တယ်
မေမေက နောက်ဖေးနေမှာ……သမီးငယ် တီတီပြန်လာပြီလား""ဟုတ် အကျီ င်္လဲနေတယ်"
"မြတ်ဘုန်း ခဏထိုင်အုံး
ငါအိတ်သွားထားလိုက်အုံးမယ်
သမီးငယ်ကိုင်မှာစိုးလို့""အေးအေး ရတယ်သွား"
ကောင်းကင် အခန်းထဲဝင်သွားသည်နှင့် မုန့်စားနေသည့် ကလေးအနားသို့ မြတ်ဘုန်းရွေ့ထိုင်လိုက်သည်။
ကလေးက ကိုခန့်နဲ့တော်တော်ကြီးကိုတူတာ။
ကောင်းကင်အမြင်မှာ ဘယ်လိုရှိလဲမသိပေမဲ့ မြတ်ဘုန်းအမြင်မှာတော့ တစ်ထေရာထဲပင်။"သမီးလေး ဦးဦးကိုမိတ်ဆက်ပါအုံး သမီးနာမည်ကဘယ်သူလဲ"
"သမီးနာမည် လေပြည်ကောင်းကင်ပါဦးဦး
မုန့်စားအုံးမလား""သမီးလေးပဲစားပါ ဦးဦးနာမည်က မြတ်ဘုန်းသန့် မှတ်ထားနော်"
"ဟုတ် ဦးဦးက ဖေဖေနဲ့အတူ အလုပ်လုပ်တာလားဟင်"
"မဟုတ်ဘူးသမီးရဲ့ ဦးဦးကဒေါက်တာ
ဆေးရုံမှာ လုပ်တာ သမီးလေးကိုတွေ့ချင်လို့ သမီးလေးဖေဖေနဲ့လိုက်လာတာ""ဒေါက်တာဆိုတော့ ဦးဦးဒေါက်တာနဲ့တွေ့မှာပေါ့နော်"
"ဦးဦးဒေါက်တာ ဘယ်သူလဲသမီးလေး"
"ဟိုဦးဦးလေ……အရမ်းချောတဲ့ဦးဦး
ဖေဖေတောင်သိတယ် ဦးကမသိဘူးလား"