Final 💕 End
34.7K 2.4K 156
"ဒယ်ဒီရေ………ဖေဖေက……"
အသံကျယ်ကျယ်အော်သည့် သမီးကို ကောင်းကင်အမိအရလှမ်းပိတ်ရသည်။
"တိုင်မှာ ဖေဖေက မတည့်တာတွေစားတာ"
"သမီးရယ် နည်းနည်းလေးပဲစားမှာပါ
တိတ်တိတ်နေနော်"
"မရဘူး……ဒယ်ဒီ ဖေဖေက မတည့်တာတွေခိုးစားနေတယ်"
ပြောမရသည့်သမီးအား ကောင်းကင် ဘုကြည့်ကြည့်ပစ်လိုက်သည်။
ထမင်းစားခန်းသို့ အပြေးရောက်လာသည့် အကိုက
ကောင်းကင်စားနေသည့် ပန်းကန်ကိုဆွဲသိမ်းတော့သည်။
"ကောင်းကင်ရာ ကိုယ်ရေလေးတော့ ဖြောင့်ဖြောင့်ချိုးပါရစေကွာ"
"ဘယ်သူကတားနေလို့လဲ အကို့သမီးကိုခေါ်သွား
ကျနော်သူ့မချစ်တော့ဘူး"
"ကြည့် သမီးကိုပြန်ပြီးစိတ်ကောက်တာလား
မတည့်တာစားလို့ သမီးကပြောတာလေ
ထထ အပြင်ထွက်ရအောင် ကြည့်အုံး လူကလဲချွေးတွေချည်းပဲ"
"ဒီကောင်မလေး ကျောင်းဆယ်ရက်ပိတ်တာမကောင်းဘူး
သွား မေမေတို့အိမ်ပြန်တော့"
"ပြန်မှာနော် ပြီးမှ ဖေဖေပဲလွမ်းလိုက်တာ
သမီးရေလာခဲ့ပါအုံး မခေါ်နဲ့"
လူဆိုးလေးကိုတော့ ခန့်တည်ရော သမီးပါ မနိုင်ကြပါ။
ရေချိုးတုန်းခဏ သမီးကိုသေချာမှာထားခဲ့တာတောင် ငံပြာရည်အစပ်ချက်တွေကို သူလေးကရအောင်စားလိုက်သေးတာ။
7လဆိုသည့် ဗိုက်ကအတော်လေးထွက်နေပြီမို့
အကျီ င်္ပွပွကြီးဝတ်ထားတော့ လူကပုလုံးလုံးလေးဖြစ်လို့နေသည်။
"ဗိုက်ပြည့်လိုက်တာ လမ်းတောင်မလျှောင်ချင်တော့ဘူး"
"ကိုယ်ချီပါ့မယ် အချွဲလေးရယ်
စားချင်တာစားလိုက်ရတော့ ရုပ်ကနော် ကိုင်ပေါက်ပစ်ချင်စရာလေး"
"အကိုနော် ဘာလဲဗိုက်ပူဆိုပြီး ငြိုငြင်ချင်တာလား
မချီချင်မချီနဲ့ အဖွားကိုသွားတိုင်မှာ ဗိုက်ကြီးသည်ကို လမ်းလျှောက်ခိုင်းပါတယ်ဆိုပြီး"
"ဟား……ကောင်းကင်ရာ မောင်ဗိုက်ကလမ်းလျှောက်တာပိုကောင်းတာပေါ့ အဖွားက ကောင်းကင်ကိုပဲဆူမှာ
မယုံရင်သွားတိုင်ကြည့်"
🎉 Kamu telah selesai membaca နှောင်တွယ်ရစ်သော...ကြိုး💕 နှောင်တွယ်ရစ်သော...ကြိုး(Completed) 🎉