ရင်ခွင် ထဲကနေ မထွက်တော့တဲ့ ကောင်လေး ကြောင့် Xiaozhan က အသာထုတ်လို့ ကိုယ်ပေါ်ဝတ်ထားတဲ့ ဂျာကင် ကို ချွတ်ကာ ကောင်လေးပေါ်အသာ ခြုံပေးလိုက်တယ်..တုန်နေတဲ့ ပခုံးလေးတွေကို အသာ ထွေးဖက်ပြီး ပြန်မယ်လုပ်တော့..
"သူ့ကို ခေါ်ခဲ့မယ်."
ရင်ခွင်ထဲ မှာပွေ့ထားတဲ့ ကြောင်ပေါက် စ လေးကို Xiaozhan ကို ပြပြီး ပြောတယ်..
"မင်း အဆင်ပြေ ပါ့မလား "
"ကျွန်တော် အဆင်ပြေ ပါတယ်"
....
တိုက်ခန်း လေးရဲ့ ထောင့်မှာ ထီး အနီလေးက ရေ စလက် နဲ့..
ဆိုဖာပေါ် မှာတော့ ကောင်လေးက ကြောင်လေးကို ပွေ့ပြီး ထိုင်နေတုန်း.."Yibo..."
အသာ ခေါင်းမော့ ကြည့်လာတော့ Xiaozhan က Yiboလက်ထဲက ကြောင်လေးကို ယူကာ..
"သူ ချမ်းလို့တုန်နေပြီ..Yiboလဲ ဖျားဦးမယ်..အဝတ်လဲတော့"
ရေစိုနေတဲ့ ဆံနွယ်တွေကို အသာ ဖွကာ ပြောပြီး ကြောင်လေးကို ရေသုတ်ပေးပြီး Xiaozhan က စောင်နဲ့ ပတ်ထား ပေးလိုက်တယ်..
သူ Yiboအနား ပြန်ရောက်တဲ့အထိ Yiboက ဒီတိုင်း ထိုင်နေတုန်း..လက်နှစ်ဖက်နဲ့ နားကို ပိတ်ထားပြီး မျက်လုံး တွေကို အတင်းဖိ မှိတ် ထားတယ်..
အပြင်မှာ မိုးတွေ ချိမ်းနေဆဲပဲ..
"Yibo..Yibo..မင်း အဆင်ပြေရဲ့လား "
"Xiao...Xiaozhan "
မျက်ရည်တွေ နဲ့ သူ့ကို မော့ကာ ကြည့်လာပြီး ရင်ခွင်ထဲ ကို အတင်းတိုး ဝင် လာတယ်..
"ကြောက်တယ်..ကျွန်တော် အရမ်း ကြောက်နေခဲ့တယ်"
"မကြောက်နဲ့..ကိုယ်ရှိတယ်..ကိုယ်က Yiboအနားမှာ ရှိနေပေးမှာမို့ မကြောက်နဲ့နော်"
....
ရေချိုးခန်းထဲက နေ ခေါင်းမသုတ်ပဲ ထွက်လာတဲ့ Yiboကို အသာဆွဲကာ Xiaozhan က ဆံပင် ပျော့ပျော့လေးတွေကို Dryerနဲ့ အသာမှုတ်ပေးတယ်..
"Xiaozhan "
"ဟင်."
လက်ကို ဆွဲကာ ခေါ်လာတာကြောင့် Xiaozhan က Dryerကို ခဏ ပိတ်လိုက်တယ်..မျက်လုံး ဝိုင်းဝိုင်းလေးတွေဟာ သူ့ကို ကြည့်ပြီး..