Part- 19

2.4K 308 32
                                    

Wang Yibo ဆိုတဲ့ ကောင်လေးကို Xiaozhan ပထမဆုံး စတွေ့ခဲ့တာ ဆောင်းလေအေးတွေ တိုက်ခတ်နေတဲ့ နေ့တစ်နေ့မှာ.. ။ ကျောပိုးအိတ်လေးကို လွယ်ကာ ခေါင်းလေး ငုံ့ကာ ခပ်သွက်သွက် ခြေလှမ်းတွေ လှမ်းနေတဲ့ ကောင်လေးက အအေးဒဏ်ကြောင့်ထင်သည်... နှာခေါင်းထိပ်လေးတွေက နီရဲလို့..။ဖြူဖြူဖွေးဖွေးဥဥ ကောင်လေးက Xiaozhan ရင်ထဲကို ပထမဆုံး နေ့မှာပင် ဝင်ရောက်လာခဲ့သည်။
သရုပ်ဆောင် အလုပ်ကို ဟန့်တားလာသည့် မိဘတွေနဲ့ စကားများကြပြီး အိမ်ပြေးလေး ဖြစ်နေတဲ့ Xiaozhan က အလုပ်မရှိတာနဲ့ ကောင်လေးနောက်ကို တကောက်ကောက် လိုက်မိနေရောပဲ။

ကျောင်းမှာ သူငယ်ချင်းလဲ မတွေ့။ အမြဲတမ်း တစ်ကိုယ်တမ်းဖြစ်နေတက်သည့် ကောင်လေးကို သူ အဖော်ပြုပေးချင်သည်။ လမ်းမှာ တွေ့သမျှ အဖော်တွေနဲ့လူတွေကို ငေးမော့ကာ ဆွေးနေတက်သည့် ကောင်လေးရဲ့ မျက်ဝန်းလေးတွေကို တောက်ပအောင် လုပ်ပေးချင်မိသည်။

ဒီလိုနဲ့ ကောင်လေးကို ချဉ်းကပ်ဖို့ Xiaozhan က ကောင်လေး အမြဲထိုင်နေကြ ပန်းခြံထဲမှာ အပြေးလေ့ကျင့်ဟန်ဆောင်ပြီး ကောင်လေးအနားရောက်ဖို့ ကြံစည်ခဲ့သည်။

ကောင်လေးရဲ့ အအေးဘူးကို ခပ်တည်တည်နဲ့ ဖောက်သောက်တော့ ဒေါသရိပ်လွှမ်းနေသည့် မျက်ဝန်းတွေနဲ့ ကြည့်လာသည့် ကောင်လေးက သူ့မျက်စိထဲမှာတော့ စိတ်ဆိုးကာ အမွှေးတွေဖွာနေသည့် ချစ်စဖွယ် ကြောင်ပေါက်လေးလိုပဲ။

ပြန်လျှော်ပေးမယ်လို့ ပြောတော့ မလိုဘူးပြောကာ လှည့်ထွက်သွားတဲ့ ကောင်လေးက ချစ်စရာ ကောင်းသလို ပြတ်လဲ ပြတ်သားသည်။

......
ဒုတိယအကြိမ် Store ဆိုင်မှာ ရင်းနှီးဖို့ ကြံစည်ခဲ့တုန်းကလဲ ခေါက်ဆွဲ ဖိုးကို ပေးခဲ့ပြီး ချက်ချင်း ပြေးထွက်သွားသည့် ကောင်လေး ကို လက်ဆွဲကာ သူငယ်ချင်းဖြစ်ခွင့် တောင်းတုန်းကလဲ ဘယ်သူနဲ့မှ မရင်းနှီးချင်ဘူးဆိုတဲ့ ကောင်လေးရဲ့ စကားလေး တစ်ခွန်းကြောင့် Xiaozhan ရဲ့ ရင်က နာကျင်ခဲ့ရသည်။

ကောင်လေးရဲ့စကားကြောင့် ညဘက်တောင် အိပ်မပျော်ဖြစ်သွားရသည့် Xiaozhanညဘက် လမ်းလျှောက်ထွက်တုန်း က တိုက်ဆိုင်စွာပင် အဖျားရှိန်ကြောင့် လမ်းပေါ် မေ့လဲသွားသည့် ကောင်လေးကို တွေ့ခဲ့ပြီး ကောင်လေးအိမ်ကို ရောက်ဖို့ အကြောင်းဖန်လာခဲ့သည်။ တစ်ညလုံး အဖျားတွေတက်ကာ ကယောင်ကတမ်း တွေပြောနေသည့် ကောင်လေး လက်ကို ဆုပ်ကိုင်ရင်း ပြုစုရင်းနဲ့ Xiaozhan မှာ တစ်ညလုံး မအိပ်ခဲ့ရ။ မနက်နိုးလာတော့ထုံးစံအတိုင်း သူငယ်ချင်းဖြစ်ဖို့ကို ငြင်းပေမယ့်ဘ ကောင်လေးရဲ့ သူ့ကို ကြည့်သည့် မျက်ဝန်းတွေက အရင်ကလောက် မစိမ်းကားတော့တာကြောင့် Xiaozhan က မလျှော့သောဇွဲနဲ့ ကောင်လေး နောက်ကို ဆက်လိုက်ဖို့ အားရှိသွားသည်။

A boy who like Cloud (Completed)Onde histórias criam vida. Descubra agora