Yibo Phကို ပြန်ချ လိုက်ရင်း အသက် ကို ဝဝရှုလိုက်သည်။ ရင်ထဲ မွန်းကြပ်လိုက်တာ။
ဘာပဲ ဖြစ်ဖြစ်..ဒါက အကြောင်း တစ်ခုခု ရှိလို့နေမှာပါ။ Zhanကို ယုံရမယ်။ ဟုတ်တယ်....။ Zhanကို ယုံ ရမယ်။Ph ကို Power ပိတ်ပြစ်ပြီး စာအုပ်ကို ပြန်ကိုင်ကာ စာ ထဲ စိတ်ကို နှစ်လိုက်သည်။
အတန်းပြီးသွားတော့လဲ Yibo အိမ်မပြန်မိသေး။ စာကြည့်တိုက်ထဲ ဝင်ကာ စာလုပ်နေမိသည်။စာထဲ အာရုံစိုက်နေမိတာ ဘယ်လောက် ကြာသွားလဲ မသိ။ အညောင်းဆန့်ဖို့ မော့ လိုက်တော့မှ ပတ်ဝန်းကျင်က မှောင်စ ပျိုးနေပြီမှန်း သတိထားမိသည်။
အင်း....အိမ်အမြန် ပြန်မှပါ။Neko လေး ဗိုက်ဆာနေလိုက်ပြီထင်တယ်။
.........
လျှို့ဝှက် နံပါတ် ကို နှိပ်ပြီး အိမ်ထဲ ဝင်လိုက်တာနဲ့ Yiboက တစ်စုံ တစ်ယောက်ရဲ့ ဆွဲဖက်ခြင်းကို ခံလိုက်ရသည်။"အင့်...ဘယ်....ဘယ်သူလဲ"
မီးမဖွင့်ထားတာကြောင့် အခန်းက မှောင်နေသည်။ Yibo ထိုလူကို တွန်းရင်း နံရံက မီးခလုတ်ကို စမ်းကာ ဖွင့်လိုက်တော့......
"Zhan. .."
မျက်လုံးတွေ နီရဲနေကာ တစ်စုံတစ်ခု ကို အရမ်းကို ကြောက်ရွံနေသည့် မျက်နှာနဲ့ Zhanက သူ့ကို မော့ကြည့်လာသည်။
"Yibo. ..Yiboရယ်.."
ဘာမှ မပြောပဲ နောက်တစ်ကြိမ် သူ့ကို တင်းကြပ်စွာ ပွေ့ဖက်တယ်။ ပခုံးထက်မှ စိုစွတ်လာသည့် အထိအတွေ့ တွေကြောင့်...
"Zhan....ငိုနေတာလား... ဘာတွေ ဖြစ်နေတာလဲ...ကျွန်တော့်ကို ပြောပါဦး "
Zhan မျက်နှာကို အတင်း ဆွဲမကာ သူ မျက်နှာချင်းဆိုင်ကြည့်လိုက်မိတော့....
"Zhan......"
မျက်ဝန်းညို တွေဟာ မျက်ရည်တွေနဲ့ ပြည့်နှက်နေခဲ့သည်။ ဘာတွေ ဖြစ်နေတာလဲ။ ဘယ်အရာကများ ကျွန်တော်ချစ်တဲ့ လူသားကို ဝမ်းနည်းစေတာလဲ။
"ကျွန်တော့်ကို ပြောပါဦး.... ဘာဖြစ်လို့လဲ"
"Yibo....Yibo ကိုယ့်ကို အထင်လွဲပြီး ထားခဲ့ ပြီထင်နေတာ"
"ဘာလို့ အဲ့လို ထင်ရတာလဲ Zhan ရယ်"
"ကိုယ် Ph တွေ တောက်လျှောက် ဆက်နေတာ..Yiboက Ph ပိတ်ထားတယ်..ကိုယ် အိမ်ပြန်လာတော့လဲ Yiboက မရှိဘူး..ကိုယ့်ကို...ကိုယ့်ကို ထားခဲ့ပြီး ထွက်သွားပြီ ထင်နေတာ"