Part-3

3.4K 457 11
                                    

သွေးအေးတဲ့ ကောင်လေးက Xiaozhan ကို လက်မခံခဲ့ပါ..ခေါင်းကို အသာရမ်းကာ

"ကျွန်တော် သူငယ်ချင်းမလိုချင်ဘူးလို့ ပြောထားပြီးပြီလေ..ခင်ဗျား ပြန်ပါတော့..ကူညီပေးတဲ့ အတွက်ကျေးဇူးပါ"

ကိုယ့်ဒဏ်ရာတွေကို ဆေးထည့် မပေးတော့ဘူးလား"

ကောင်လေးက သက်ပြင်းကို အသာချကာ.

"ကျေးဇူးဆပ်တဲ့အနေနဲ့ ဆေးထည့်ပေးပါမယ် "

မျက်နှာပေါ်က ဒဏ်ရာတွေကို ဂွမ်းတံလေးနဲ့ အသာတို့ကာ ဆေးလိမ်းပေးနေတဲ့ ဖြူဖြူဥဥ ကောင်လေးကို Xiaozhan က အနီးကပ်နေတယ်..အင်း..
မျက်ခုံးနှစ်ခုကြားမှဲ့လေးရှိတယ်..နှာတံလေးက လုံးလုံးလေး.. မျက်တောင်လေးတွေက လှတယ်..
ပါးလေးတွေ ဖြူဝင်းပြီး ဖောင်းနေတယ်..နှုတ်ခမ်းဖူးဖူးလေးက အမြဲတမ်း အဲ့လိုပဲ တင်းတင်းစေ့ထားတာလား..
ကောင်လေးသာ ရယ်လိုက်မယ်ဆို ပါးဖောင်းလေးတွေမို့တက်လာပြီး အရမ်းချစ်စရာကောင်းမှာပဲ..
ဒါပေမဲ့ ဒီကောင်လေး မပြုံးတာ ဘယ်လောက် ကြာပြီလဲ မသိဘူး..
ငယ်ရွယ် နုပျိုပြီး ချစ်ဖို့ကောင်းတဲ့ ဒီကောင်လေးကို ဘယ်သူတွေက များ ဘယ်လို စိတ်ဒဏ်ရာတွေ ပေးခဲ့တာလဲ..
ပါးဖောင်းလေးတွေမို့တက်ပြီး ဒီကောင်လေး ရယ်နိုင်အောင် Xiaozhan က လုပ်ပေးချင်တယ်..

"ပြီးပြီ..."

စကားကို ခပ်ပြတ်ပြတ် ပြောကာ ဆေးပစ္စည်းတွေကို သိမ်းရင်း.

"မနက်စာ စားပြီးမှ ပြန်ပါ.."

ပြောပြီး မီးဖိုခန်းထဲ ဝင်သွားတယ်.ညတိုင်းက သေချာ မကြည့် မိတဲ့ ကောင်လေးရဲ့ အိပ်ခန်းကို Xiaozhan က ငေးတယ်..မီးခိုရောင်တွေကိုသာ သုံးထားတဲ့ အိပ်ခန်းဟာ မှိုင်းပျပြီးအထီးကျန် ဆန်တယ်..
အခန်းထဲ ရော ဧည့်ခန်းမှာရော မိသားစုဓာတ်ပုံဆိုတာ မရှိဘူး..

"စားလို့ရပြီ"

မီးဖိုခန်းထဲ က အော်သံကြောင့် သူ ထမင်းစားပွဲဆီ လာခဲ့တယ်..စားပွဲပေါ်မှာ ထောပတ်နံ့မွှေးမွှေး ပေါင်မုန့် မီးကင် နှစ်ချပ်ရယ် ကြက်ဥ ကြော်ရယ်..နွားနို့တစ်ခွက်ရယ် က နေရာယူထားတယ်..

"စားလိုက်ပါ..ပြီးရင် ပြန်ပါတော့..ဒီလောက်ဆို ကျွန်တော် တို့ ကြေ ပြီထင်တယ်."

A boy who like Cloud (Completed)Tahanan ng mga kuwento. Tumuklas ngayon