Beijingမြို့လည်ရှိ 5 star Hotel တစ်ခုရဲ့ အခန်းတစ်ခု...
မှန်ပြတင်းပေါက်ကနေ ကြည့်လိုက်လျှင် နှင်းတွေတဖွဲဖွဲကျနေသည့် မြင်ကွင်းနဲ့အတူ အောက်မှာ လှုပ်ရှားသွားလာနေကြသူတွေကို တွေ့မြင်နေရသည်။Christmas ညမို့ Xiaozhan နဲ့အတူ အပြင်ကို လျှောက်လည်နေရင်းက Xiaozhan က ဒီခေါ်လာလို့ Yiboရောက်လာခဲ့ရတာ။
ခါးနောက်ကနေ သိုင်းဖက်လာသည့် လက်တစ်စုံ ရဲ့ အထိအတွေ့ နဲ့အတူ ပါးပြင်ပေါ် ကို ကပ်လာသည့် အေးစက်စက် အထိအတွေ့ကြောင့် သူလှည့်ကြည့်လိုက်တော့..။
လက်မှာဝိုင်တစ်ခွက်ကိုင်ကာ သူ့ကို ပြုံးပြနေသည့် Xiaozhan... ။
"Christmas Dinnerစားကြရအောင်"
"အင်း"
Hotelအခန်းတွင်းမှာပဲ တစ်ခန်းလုံး ကို မီးမှိတ်ပြီး ဖယောင်းတိုင်ဖျော့ ဖျော့ အလင်းလေးအောက်က Dinner က Romatic ဆန်ဆန်လှပလွန်းနေသည်။
Yiboက Xiaozhan နဲ့ ဖန်ခွက်ချင်းတိုက်ကာ တစ်ငုံ့ သောက်ပြီးပြန်ချလိုက်ကာ..
"Dinnerကိုအိမ်မှာစားလဲ ရရဲ့သားနဲ့ ဘာလို့ ဒီခေါ်လာတာလဲ Zhan"
"နှစ်ယောက်သား စားချင်လို့လေ"
"အိမ်မှာလဲ ကျွန်တော် တို့ နှစ်ယောက်ထဲပဲလေ"
"ဟင့်အင်း..Neko ရှိတယ်"
"Zhanကတော့..."
"ကိုယ် နောက်တာပါ...Yiboနဲ့ Christmas ညမှာဒီနေရာမှာ ရှိချင်လို့ပါ..ခမ်းခမ်းနားနား ပျော်ပျော်ရွှင်ရွှင် နဲ့ နှစ်ယောက်အတူ Christmas ကို ဖြတ်သန်းချင်လို့.."
"ကျွန်တော့် အတွက် ပကာသနတွေ မလိုပါဘူး..Zhanရှိနေဖို့ပဲ လိုတာ"
Yiboက အပြင်မှာကျနေသည့်နှင်းတွေကို မှန်ပြတင်းပေါက်ကနေ ငေးနေရင်း..
"Zhanသိလား..ကျွန်တော် က နှစ်တစ်နှစ်မှာ December လကို ဘာကြောင့်မှန်းမသိ အရမ်းချစ်တာ..အရင်တုန်းက စိတ်ကူးယဉ်ခဲ့မိဘူးတယ်..တစ်နေ့ လက်ထပ်ဖြစ်ခဲ့ရင် လက်ထပ်ပွဲကို ဒီဇင်ဘာမှာ လုပ်မယ်လို့.."
". .........."
"Zhan မရှိခင် နှစ်တွေက Christmas တို့ New yearတို့မှာ သူများတွေက မိသားစုတွေ သူငယ်ချင်းတွေနဲ့ ဖြတ်သန်းနေချိန် ကျွန်တော် က အထီးကျန်ခဲ့ရတာ..Zhan ကျွန်တော့် ဘဝထဲ ဝင်လာချိန်ကစပြီး ကျွန်တော် ချစ်တဲ့ December က ပိုလှလာတယ်..ကျွန်တော် တစ်ယောက်ထဲ မဟုတ်တော့လို့လေ"