နေရောင်စူးစူးကြောင့် Yiboမျက်လုံးတွေ ပွင့်ပွင့်ချင်းမှာ သူ့ကို စိုက်ကြည့်နေတဲ့ မျက်ဝန်းညိုတွေ ကို ပထမဆုံး တွေ့လိုက်ရသည်။
"ဒီနေ့ကော မနက်စာ မပြင်ပဲ ကျွန်တော့် ကို ထိုင်ကြည့်နေတာလား"
Xiaozhan က သူ့နဖူးကို ငုံ့နမ်းပြီး..
"မဟုတ်ဘူး..ကိုယ် တစ်ညလုံး မအိပ်ပဲ Yiboကို ထိုင်ကြည့်နေတာ"
Xiaozhan စကားကြောင့် သူ အံ့သြတကြီး Xiaozhan မျက်နှာကို သေချာကြည့်မိတော့မှ ညိုမဲနေတဲ့ မျက်ကွင်းတွေကို သတိထားမိသွားသည်။
"ဘာလို့ တစ်ညလုံး မအိပ်ပဲ ကျွန်တော့်ကို ထိုင် ကြည့်နေရတာ လဲ"
"အကြောင်းပြချက် နှစ်ခု ရှိတယ် "
"အင်း..ပြောပါဦး "
"ပထမတစ်ခုက Yiboက အရမ်းလှနေလို့.. ဆေးရောင်တွေ ချယ်ထားတဲ့ ပန်းချီကားတစ်ချပ်လို့ပဲ..အဲ့လို ပုံစံလေးကို ကိုယ်တစ်ယောက်ထဲ ကြည့်ခွင့်ရလို့ကိုယ် ကြည်နူးနေတာ"
Xiaozhan ရဲ့စကားကြောင့် သူ့မျက်နှာ ပူလာသည်။ အခုထိ အဝတ်မကပ်သေးတဲ့ ကိုယ့်ကိုကိုယ် သတိထားမိကာ စောင်ကို ပိုလုံအောင် ခြုံမိလိုက်သည်။Xiaozhan က သူ့ကို ကြည့်ပြီး ရယ်ကာ..
"အခုမှ ရှက်နေတယ်ပေါ့"
"Zhan. ."
"အင်းပါ..ကိုယ်မစတော့ဘူး..မအော်ပါနဲ့ ကွ.."
"ဒုတိယ တစ်ချက်ကို ပြောဦးလေ"
"ဒုတိယ တစ်ချက်က ကိုယ် စိတ်မကောင်း လို့..ဖြူစင်တဲ့ Yiboကို ဖျက်စီးမိပြီ ဆိုပြီး စိတ်မကောင်း ဖြစ်သွားတာ..ပြီးတော့ ယောကျာင်္းလေးချင်းတူတူ Yiboက ကိုယ့်အတွက်.."
သူက Xiaozhan နှုတ်ခမ်း ကို လက်ဖြင့် အသာ ပိတ်လိုက်ကာ..
"စိတ်မကောင်း မဖြစ်ပါနဲ့..Zhanနဲ့ ကျွန်တော် က ချစ်သူတွေလေ..ဒီလိုတွေ ဖြစ်မှာပဲ..ပြီးတော့ ကျွန်တော် ကိုယ်တိုင်က Zhanကို ချစ်လို့ ပေးဆပ်ခဲ့တာ..ဒါကြောင့် စိတ်မကောင်း မဖြစ်ပါနဲ့ "
"အင်းပါ. ဒါနဲ့....Yibo အဆင်ပြေရဲ့လား "
"ဘာကိုလဲ "
"နာနေလား"
"Zhan. .မမေးနဲ့..ကျွန်တော် ရှက်တယ်..နောက်တစ် ခါ ထပ်မေးရင် ကျွန်တော် စိတ်ဆိုးမှာနော် "