ဘေးမှာ ရှိနေတဲ့ ခေါင်းအုံးလေးဆီက Yiboရဲ့ ရနံ့လေးကို ရှုရှိုက်မိရင်း Xiaozhan ရင်တွေနာကျင်လာသည်။ လွမ်းလိုက်တာ Yibo ရယ်..ဒီအချိန် ဘယ်လိုများနေနေမလဲ..။ တစ်ယောက်ထဲများ ကြိတ်ငိုနေမလား။ ထမင်းရော ပုံမှန်စားရဲ့လား။ ညတွေရော ကောင်းကောင်းအိပ်ပျော်ရဲ့လား။
လှည့်စား လေရက် ဆိုပြီး ကိုယ့်ကို နာကျည်းမုန်းတီးပြီး ကျိန်ဆဲနေမလား။
လုပ်ရက်လိုက်တာဆို ပြီး ကိုယ့်ကိုကိုယ် ဒဏ်ရာရအောင် လုပ်ပြီး ငိုကြွေးနေမလား။
ကိုယ်လဲ ရူးမတက်ပါပဲ Yiboရာ..။အခန်းတံခါး ပွင့်သံနဲ့အတူ Jin Woo က ဝင်လာသည်။ အိမ်ရဲ့ Password ကို Jin Woo ကို ပေးထားရသည်။ ဘယ်အချိန်မှာ ဘယ်အရာတွေကို မေ့သွားမယ်မှန်း မှ မသိတာ။
ကုတင်ထက်မှာ မျက်တွင်းဟောက်ပက် မို့အစ်နေတဲ့ မျက်ဝန်းတွေနဲ့ ထိုင်နေတဲ့ Xiaozhan ကို ကြည့်ပြီး Jin Woo က သက်ပြင်းချသည်။ကုတင်ဘေးကို သွားကာ ရပ်လိုက်ပြီး..
"ညက တစ်ညလုံး မအိပ်ပြန်ဘူးလား"
Xiaozhan က Jin Woo ရဲ့အမေးကို ပြန်မဖြေ။
"ဇာတ်ကားပြီးဖို့ နှစ်ပတ်လိုသေးတယ်..မင်းဒီလို ဖြစ်နေလို့မရဘူးလေ"
"Yiboလေး... အဆင်ပြေပါ့မလား.."
"Sean မင်းကိုယ့်ကိုကိုယ်လဲ စိတ်ပူပါဦး"
"ငါ့ကိုယ့် ငါထက် သူ့ကို ပိုစိတ်ပူတယ်..သူ ဘယ်လိုများနေနေမလဲ..သူ့ကိုယ်သူ တစ်ခုခု...တစ်ခုခုများ မလုပ်လောက်ပါဘူးနော်"
"Sean ရာ..."
"ငါ့မှာကလေ ငါ့ကို ဂရုစိုက်ပေးမဲ့ မင်းရှိပေမယ့် သူ့ဘေးနားမှာ ဘယ်သူမှ မရှိဘူး Jin Woo ရ..သူ့ကမ္ဘာလေးမှာ ငါပဲ ရှိတာ..ဒါကို..ငါက..ငါက"
တစ်ဖက်ကို မျက်နှာလွဲမိရင်း ကျလာတဲ့ မျက်ရည်ကို Jin Woo က ခိုးသုတ်လိုက်သည်။ သူတောင် ဒီလောက် ဝမ်းနည်းမိတာ Xiaozhan ဆို ဘယ်လောက်များ ခံစားနေရမလဲ။
"Yibo ကို စောင့်ကြည့်ဖို့ ငါ လူတစ်ယောက်လွှတ်ထားတယ်"
Yiboနာမည်ကြားတာကြောင့် Xiaozhan မျက်ဝန်းတွေက သူ့ကို ကြည့်လာသည်။
"Yiboရဲ့ တစ်နေ့တာကို သူ အမြဲစောင့်ကြည့်နေတယ်..သူ့ကို Yiboရဲ့ အနီးဆုံးမှာ ထားပြီး အမြဲစောင့်ကြည့်ခိုင်းထားလို့ အရမ်းစိတ်မပူပါနဲ့"