အိပ်ရာနိုးနိုးချင်း မျက်လုံး တွေကို ဖွင့်လိုက်တော့ သူ့ကို စူးစိုက်ကာ ကြည့်နေသည့် မျက်ဝန်းညို တစ်စုံ ကို တွေ့လိုက်ရသည်။
"..Zhan"
ဘေးကနေ လက်ထောက်ပြီး သူ့ကို အုပ်မိုးကာ ကြည့်နေတဲ့ Xiaozhan က ပြုံးကာ ဘာလဲ ဆိုသည့် သဘောနဲ့ မေးဆတ်ပြသည်။
"အိပ်ရာ ထနောက်ကျတာလား"
"ဟင့်အင်း..ကိုယ် နိုးနေတာ ကြာပြီ..Yibo အိပ်ပျော်နေတာကို ကြည့်နေတာ"
Xiaozhan ရဲ့ စကား ကြောင့် Yiboမျက်နှာက ရဲခနဲ ဖြစ်သွားသည်။ ဘေးလှည့်ကာ ရှောင်မည်အလုပ် သူ့မျက်နှာက ရုတ်တရက် ဆွဲလှည့်ခံလိုက်ရသည်။နီးကပ်လာသည့် Xiaozhan မျက်နှာကြောင့်..
"ကျွန်တော် မျက်နှာ မသစ်ရသေးဘူးလေ"
"ဂရုမစိုက် ဘူး.နမ်းချင်တာပဲ သိတယ်"
နှုတ်ခမ်းနှစ်စုံက လေတိုးမရအောင် ထိကပ်သွားသည်။ မိနစ် အနည်းငယ် အကြာမှာ ပြန်ခွာလိုက်ကြပြီး..
"Morning.. ကိုယ့်ရဲ့ ကောင်းကင် လေး "
"Zhan ဒီနေ့ မနက်စာ မလုပ်ထားဘူးလား"
"အင်း..မလုပ်ထားဘူး..ကိုယ်တို့ ဒီနေ့ အပြင်မှာ မနက်စာ စားကြမယ်"
"ဟင်..Zhan ရှုတင် မရှိဘူးလား"
"ညနေမှ ကိုယ် ဒီနေ့ Yiboကို ကျောင်းလိုက်ပို့မယ်..Yibo အတန်းပြီးတဲ့ အထိ ထိုင်စောင့်မယ်..ညနေ ရောက်ရင်တော့.."
"ညနေ ရောက်ရင်ဘာဖြစ်လဲ"
Xiaozhan က Yiboနဖူးကို ဖွဖွနမ်းကာ
"ညနေ ရောက်ရင် ကိုယ့်ရှုတင် လိုက်ခဲ့ပါလား ဟမ်"
"Zhan. .ဒါက"
"ဟို တစ်ခေါက်က Yibo ကို ရှုတင်မှာ ပြစ်ထားမိတာကို တွေးမိတိုင်း စိတ်မကောင်း ဘူး..အခု ကိုယ် အဲ့အပြစ်ကို ပြန်ဆပ်ဖို့"
"မလိုပါဘူး Zhanရာ"
"ဘာပဲ ဖြစ်ဖြစ်. လိုက်ခဲ့ပါနော် Yibo. .ကိုယ်တို့တူတူသွားမယ်လေ..ရှုတင်က လဲ အရမ်းမကြာဘူး..ခဏလေးပါ"
မျှော်လင့်ချက်တွေအပြည့်နဲ့ တောင်းဆိုနေသည့် Xiaozhan ရဲ့ မျက်ဝန်းတွေကို ငေးကြည့်ပြီး Yiboခေါင်းညိမ့်ပြလိုက်သည်။