Xiaozhan ရဲ့စကားအဆုံးမှာ Yiboရဲ့နှလုံးသားဟာ ပေါက်ထွက်မတက် ကျယ်လောင်စွာ ခုန်လာတယ်..ကောင်းကင်လေးတဲ့..သူက Xiaozhan ရဲ့ ကောင်းကင်လေးတဲ့...
တစ်စုံတစ်ယောက်က Yiboကို ကောင်းကင်နဲ့ တင်စားပြီး ပြောလာတာ ပထမဆုံးပဲ..ကြည်နူးမှု့ကြောင့် မျက်ရည်တွေက မဖိတ်ခေါ်ပဲ ပါးပြင်ပေါ် ကို အလုအယက် ခုန်ဆင်းတယ်..
"Yi. .Yibo"
Xiaozhan ကို မျက်ဝန်းညိုတွေ ဝိုင်းစက်သွားပြီး သူ့ကို စိုးရိမ်တကြီး ကြည့်လာတယ်..
"ဘာလို့ ငိုတာလဲ..ကိုယ်ပြောတာကို မကြိုက်လို့လား..ကိုယ် မပြောတော့ဘူး..မငိုနဲ့တော့နော်"
သူ့ပါးပြင်ပေါ်က မျက်ရည်တွေကို သုတ်ပေးပြီး Xiaozhan က ပြာပြာသဲသဲနဲ့ ချော့သည်..
"မင်း မျက်ရည်ကျတာကို ကိုယ် မကြည့်ရက်နိုင်ဘူး..မငိုနဲ့တော့နော်"
Xiaozhan ကို ကြည့်နေရင်း Yiboက တွေးမိတယ်..ပထမဆုံး အကြိမ် အဖြစ် နှလုံးသားဆန္ဒကို လက်ခံ လိုက်လို့ ရတယ်မလား..Xiaozhan ကို ချစ်ခဲ့မိလို့ တစ်ချိန်မှာ သူ နာကျင် ရမယ်ဆိုရင် သူခံစားနိုင်ပါတယ်..လောလောဆယ် ကြောက်ရွံစိတ်တွေ ရော ကျန်တဲ့ အရာတွေ အားလုံးကို ပါ မစဉ်းစားပဲ Xiaozhan ကို မိုက်မိုက်မဲမဲ ချစ် ပစ်လို့ ရတယ်မလား..
အတွေးတွေအဆုံးမှာ အရှေ့မှာရှိနေတဲ့ Xiaozhan ကို Yiboက ရုတ်တရက် ထဖက်လိုက်မိတယ်..
"Yi. .Yibo"
"ချစ်တယ် Zhan. .ခင်ဗျားကို ကျွန်တော် ချစ်တယ်"
Xiaozhan ရဲ့ လက်တွေက ကျောပြင်ကို တင်းကျပ်စွာ ပွေ့ဖက်လာတယ်..
"ကျေးဇူးတင်ပါတယ် Yiboရယ်."
"Zhanက ကျွန်တော့် ကို တစ်ချိန်မှာ ထားခဲ့ရင် တောင် ကျွန်တော် Zhanကို ချစ်မိတဲ့အတွက် နောင်တရမှာ မဟုတ်ဘူး."
"ကိုယ် မင်းကို ဘယ်တော့မှ ထားခဲ့မှာ မဟုတ်ဘူး Yibo"
ကိုယ်ချင်း ခွာလိုက်ပြီး Xiaozhan က သူ့မေးဖျားလေးကို ဆွဲမော့ကာ မျက်ဝန်းတွေကို စိုက်ကြည့်ပြီး
"ကိုယ်က တိမ်တိုက်..မင်းက ကောင်းကင်..တိမ်တိုက် နဲ့ ကောင်းကင်က အမြဲတမ်း တူတူရှိနေမှာ"