"Sean ဘယ်မှာလဲ"
"ဟို..သူ အိပ်ပျော်နေ.."
Yiboရဲ့ စကားရယ် မလုံမလဲ ဖြစ်နေတဲ့ အမူအယာရယ်ကြောင့် Jin Wooက တစ်ခုခုကို သဘောပေါက်သွားသည် ထင်သည်။
"သူ့ကို ခဏ လောက်နိုးပေးပါလား..ငါ သူနဲ့စကားပြောချင်လို့ပါ"
Xiaozhan ကို မနိုးပေးချင်ပေမယ့် Jin Woo ပုံစံကို ကြည့်ပြီး စိတ်မကောင်းဖြစ်သွားတာကြောင့် Yiboက နိုးပေးဖို့ ဆုံးဖြတ်လိုက်သည်။
"ခဏ စောင့်ပါ.. ကျွန်တော် နိုးပေးပါမယ်"
Yiboက အိပ်ခန်းထဲကို ဝင်လာပြီး Xiaozhan ကို အသာပုတ်ကာ နိုးသည်။
"Zhan. .Zhan ထဦး"
"ဟင်..ဘာလဲ..Yibo.. မိုးလင်းသွားပြီလား"
"မလင်းသေးဘူး"
"အဲ့ဒါကို ဘာလို့လဲကွာ.. ကိုယ် အိပ်ချင်နေသေးတယ်"
"Zhan. .ထ..Jin Woo ရောက်နေတယ်"
"Jin Woo"
Jin Wooဆိုတဲ့ စကားကြောင့် Xiaozhan က အိပ်နေရာမှ ထ ထိုင်လိုက်ပြီး..
"သူက ဘာလာလုပ်တာလဲ "
"မသိဘူး..Zhan နဲ့ စကားပြောချင်လို့တဲ့"
"ကျွတ်..လူ အိပ်ချိန်ကြီးကိုကွာ.."
ကုတင်အောက် ကျနေတဲ့ ဘောင်းဘီ နဲ့ အကျီင်္ကို ပြန်ဝတ်ပြီး Xiaozhan က စိတ်ပျက်လက်ပျက်နဲ့ ပြောသည်။
"လာလေ..သွားမယ်..Yiboက အဲ့မှာ ဘာထိုင် လုပ်နေတာလဲ"
"Zhan ပဲ သွားလိုက်ပါ..သူ့ကြည့်ရတာ Zhan နဲ့ နှစ်ယောက်ထဲ စကားပြောချင်တာနဲ့ တူတယ်..ကျွန်တော် ဒီမှာပဲ နေလိုက်မယ်"
Xiaozhan က သူ့နဖူးကို ဖွဖွနမ်းကာ..
"အင်း..ကိုယ် မြန်မြန်ပြောပြီး သူ့ကို ပြန်လွှတ်လိုက်မယ်"
.......
ကုတင်ပေါ် မှာထိုင်နေရင်း Yibo က စိတ်လှုပ်ရှားစွာ နဲ့ လက်သည်းတွေကို ကိုက်နေမိသည်။Zhanနဲ့ Jin Wooက ဘာတွေပြောနေကြတာလဲ။ သူ သိချင်လိုက်တာ။ ဒါမှန်း သိရင် လိုက်နားထောင်ပါတယ်။
Zhanက Jin Wooဘက် စိတ်ပြန်ပါ သွားရင် ဘယ်လိုလုပ်မလဲ။ ဟင့်အင်း..Zhanက အဲ့လို မလုပ်လောက်ပါဘူး။