Part- 22

2.6K 321 9
                                    

Xiaozhan က စိုးရိမ်မှု့တွေလွှမ်းမိုးနေတဲ့ မျက်ဝန်း တွေနဲ့ Yiboကို မော့ကြည့်လာသည်။

"သိ...သိသွားခဲ့ပြီလား Yibo"

ခေါင်းညိမ့်ပြလိုက်တဲ့ Yiboကို ကြည့်ပြီး Xiaozhan ကမ္ဘာကြီးတစ်ခုလုံး ပျက်သွားသလို ခံစားလိုက်ရသည်။

"သိသွားခဲ့ရင်လဲ ထွက်သွားပါလား အသက်ရယ်...ကိုယ်က...ကိုယ်က မင်းကို မနာကျင်စေချင်ဘူး..ထွက်သွားပါ Yiboလေးရယ်..ကိုယ့်အနားက ထွက်သွားပါ"

Yiboလက်လေးတွေက Xiaozhan လက်ကို ညင်သာစွာအုပ်မိုးလာသည်။ သူ့မျက်ဝန်းတွေနဲ့ဆုံအောင်ကြည့်နေတဲ့ Yiboရဲ့ မျက်ဝန်းတွေဟာ မျက်ရည်တွေရစ်ဝဲနေပေမယ့် Yiboက မကျအောင် တင်းထားလို့ထင်သည် နှာခေါင်းလေးကနီရဲနေသည်။

"Zhan. ..ကျွန်တော့်မှာ Zhan တစ်ယောက်ထဲရှိတယ်လေ..ဘယ်ကို ထွက်သွား ရမှာလဲ"

"ကိုယ့်အနားမှာ နေရင် မင်း ရင်နာရမှာတွေအများကြီး..တစ်ချိန်မှာ ကိုယ်က မင်းကို မေ့သွားခဲ့ရင်..ကိုယ်က မင်းကို ထားသွားခဲ့ရရင်....."

"အဲ့ဒါတွေက Zhan အနားမှာမရှိတာလောက် မနာကျင်ဘူး..Zhanသာ အနားမှာရှိနေရင် ဘယ်လို နာကျင်မှု့ကိုပဲဖြစ်ဖြစ် ခံနိုင်ရည်ရှိတယ်..ဒါကြောင့်..ဒါကြောင့် ကျွန်တော် တို့ တူတူ ရင်ဆိုင်ရအောင်နော်..နာကျင်မှု့တွေကို ဝေမျှရင်း နေကြရအောင် Zhanရယ်"

"ခေါင်းမာလိုက်တာ Yiboလေးရယ်"

Yiboကို ရင်ခွင်ထဲ မှာခပ်တင်းတင်းပွေ့ဖက်ရင်း Xiaozhan က ရှိုက်ကြီးတငင် ငိုကျွေးမိသည်။ Yiboက Xiaozhan ကျောပြင်လေး ကိုအသာပွတ်သပ်ပေးကာ

"ကျွန်တော်ရောက်လာပြီမို့ မငိုနဲ့တော့နော်"

...........

Xiaozhan ရဲ့ အထုပ်တွေကို Yiboအိမ်လေးဆီကူသယ်ပေးပြီး ဧည့်ခန်းထဲမှာ တူတူထိုင်နေကြရင်း Jin Wooက စကားစလာသည်။

"Yiboလဲရှိနေပြီဆိုတော့ ငါ Koreaကို  ပြန်တော့မယ် Sean"

"မင်းပြောတော့ ဒီမှာ ကြာဦးမှာဆို"

Jin Wooက ပြုံးကာ

"ငါ့မှာ အလုပ်တွေကျန်ခဲ့သေးတယ်လေ..ပြန်ရဦးမယ်ကွ"

A boy who like Cloud (Completed)Where stories live. Discover now