အရင်က စကားပြောသံမရှိ တိတ်ဆိတ် ငြိမ်သက်နေတဲ့ Yiboရဲ့ အိမ်လေး ဟာ အခုတော့ အပြန်အလှန် စကားပြောသံတွေနဲ့ ဆူညံ့နေသည်..
"Neko..မင်းက ဆိုးလိုက်တာ..ဘာလို့ စာအုပ်တွေ ကို ကုတ်ပစ်ရတာလဲ"
Yiboက သူ့ စာအုပ်တွေ ကို ကုတ်ခြစ်ထားတဲ့ Nekoကို ဆူ တော့ Nekoက မျက်နှာလေး ငယ်ကာ Yiboကို ပွတ်သတ်ရင်း ချော့သည်..
"လုပ်ချင်တာ လုပ်ပြီး ချော့နေလိုက်"
Xiaozhan က ဖုန်းသုံးနေရင်း ကနေ Nekoနဲ့ စကားပြောနေတဲ့ Yiboကို ကြည့်ကာ သဘောကျစွာ နဲ့ ပြုံးမိသည်..
"Yibo"
"ဟင်."
Xiaozhan က ထိုင်နေ ရာမှ ထလာကာ Yiboဘေးမှာ ဝင်ထိုင် လိုက်ပြီး
"ဒီနေ့ ကျောင်း ပိတ်တယ်မလား"
"အင်း"
"ဘယ်မှ မသွားဘူးလား"
"ဘယ်သွားရမှာလဲ..မသွားချင်ပါဘူး..ကျွန်တော် ဒီလိုပဲ အိမ်မှာ နေနေ ကြပဲဟာ"
"အရင်ကတော့ မင်းတစ်ယောက်ထဲဆိုတော့ ဟုတ်တယ်လေ..ဒါပေမယ့် အခုတော့ မတူတော့ဘူး..ကိုယ်ရှိနေပြီလေ"
"......"
"ကိုယ်တို့ ဒီနေ့ လျှောက်လည် ကြရအောင်..ရုပ်ရှင် ကြည့်မယ်..Shoppingထွက်မယ်..မုန့်စားကြမယ်"
"ကျွန်တော်. "
"ပြောနေတာ ကြာတယ်..အခုပဲ ထပြီး အဝတ်လဲ တော့..သွားမယ်"
"Xiaozhan "
"အခုချက်ချင်း အဝတ်မလဲရင် ကိုယ် လဲ ပေးမှာနော်"
Xiaozhan စကားကြောင့် Yiboက အခန်းထဲ ပြေးဝင်သွားသည်..
Xiaozhan က ဆိုးတယ်..Yiboရဲ့ အကျင့် တွေကို ဖျက်စီးတယ်..
....
Bus Stopမှာ ကားစောင့်နေရင်း Yiboက ဘာရယ်မဟုတ် Xiaozhan က ငေးမိတယ်..နေရောင်က Xiaozhan ရဲ့ မျက်နှာပေါ် ထိုးကျနေတာကြောင့် Xiaozhan မျက်နှာက ရုပ်ရှင် ကားတွေထဲက မင်းသားလိုပဲ..အဖြူရောင်တီရှပ်ပေါ်မှာ ရှပ်အကျီင်္ အနီကွက် ကို ထပ်ဝတ်ထားပြီး ဂျင်းဘောင်းဘီကိုသာ ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားပေမယ့် Xiaozhan က ထင်းထွက်နေသည်..
Xiaozhan ရဲ့ မျက်နှာဟာ အရမ်း ယောကျာင်္း ဆန်တယ်..ထင်းနေတဲ့ မေးရိုးရယ်.ကြည်တောက်နေတဲ့ မျက်ဝန်း တွေရယ်..ဖြောင့်စင်းတဲ့ နှာတံစင်းစင်းရယ်..နှုတ်ခမ်းပါးပါး တစ်စုံရယ်.
အင်း..Xiaozhan က တကယ်ချောတာပဲ.
![](https://img.wattpad.com/cover/235127450-288-k150705.jpg)