(2)

8.9K 482 9
                                    

Zawgyi 🌴

ဝမ်ရိပေါ်နိုးလာတော့အခန်းတစ်ခုလုံးအနှံ့
လိုက်ကြည့်သည်။ တစ်နေရာအရောက်မှာတော့
အကြည့်တွေကိုရပ်ပြစ်တယ်။ မရပ်လို့လဲမရဘူးလေ၊
ရှောင်ကျန့်ကသူ့အနားကိုဖြေးဖြေးချင်း
လျှောက်လာနေတာကိုး။

"ကောင်စုတ်လေး နိုးလာတာစောသားပဲ..
မဟုတ်ရင်တောင် မင်းကိုရေနဲ့ပတ်ပြီးနှိုးမလို့"

ရိပေါ်ချက်ချင်းတွေ့ရာစောင်နဲ့အဝတ်စလစ်
ဖြစ်နေတဲ့ခန္ဓာကိုယ်ကိုကောက်ပတ်လိုက်တယ်။
အောက်ပိုင်းဆိုတာလည်းလှုပ်တောင်
မလှုပ်နိုင်ဘူး။

"ခင်ဗျား အနားမကပ်ခဲ့နဲ့နော်"

ဒီကောင်လေးအပြောမှာမျက်ခုံးတစ်ချက်ကို
ပင့်တင်မိတယ်။

"ခင်ဗျားညတုန်းကပြောတာမှတ်မိတယ်မလား"

"ငါ ဘာပြောမိလို့လဲ"

မသိချင်ယောင်ဆောင်မေးလိုက်တော့..
ကောင်လေးကစိတ်တိုတယ်။

"ဘာပြောရမှာလဲ ကျွန်တော်အမေကို
ဆေးကုပေးမယ်ဆိုတဲ့စကား"

"အော်!!

ထပ်ဖန်မျက်ခုံးတစ်ချက်ကိုပင့်တင်မိတော့
ကောင်လေးကလဲမျက်မှောင်ကျုံ့ပြီး။

"ဒီမှာဘဲကြီး စားပြီးနားမလည် ဝါးပြီးမျိုချ
လာမလုပ်နဲ့ ရင်ထဲမှာပန်းတွေပွင့်နေတာ
မဟုတ်ဘူး နားလည်လား"

"ေ-ာက်စကားများလိုက်တာ စိတ်အေးအေးထားမှပေါ့"

အနားကိုကပ်သွားကာဆံပင်လေးဖွလိုက်တော့
ရိပေါ်တစ်ချက်တွန့်သွားတယ်။

"ငါကတိမဖျက်ဘူး ဒါပေမယ့် အခုလောလောဆည်
ငါ့စိတ်ကြိုက်နေပေး ငါကြိုးဆွဲရာ ကတဲ့
အရုပ်တစ်ရုပ်လိုနေပေး"

"ဘာ!!!

ရှောင်ကျန့်အတွက်အကြင်နာမေတ္တာတွေက
အဖြူလားအမဲလားဆိုတာမသိတဲ့အထိပဲ၊၊
တစ်ကိုယ်ကောင်းဆန်တတ်တာကိုက
သူ့အကျင့်တစ်ခုလိုပဲ။

"ပြောတာကြာတယ်!!

ပြောရင်းဆိုရင်း အိပ်ယာပေါ်ဆွဲလှဲလိုက်တဲ့
ရှောင်ကျန့်ကြောင့် ရိပေါ်မှာနွေခေါင်ခေါင်
မိုးကြိုးပစ်ခံလိုက်ရသလိုဖြစ်သွားတော့တယ်။

💕အၾကင္နာအင္အား ❤💕အကြင်နာအင်အား ❤S1 👑Complete👑Where stories live. Discover now