(14)

4.9K 285 21
                                    

Zawgyi 🌴

၂ရက်လောက်အနားယူပြီးရှောင်းကျန့်အခြေနေတွေကပုံမှန်အတိုင်းဖြစ်လာတယ်။ရိပေါ်နဲ့မတည့်ကြတာကလွဲရင်ပေါ့။ရိပေါ်ဆိုသည်မှာလဲပြန်မပြောနားမထောင်သူ့ရှေ့မှာမြေဝယ်မကျနားထောင်သလိုခေါင်းညိမ့်သော်လဲကွယ်ရာကျရင်တော့လုပ်ချင်ရာလုပ်တဲ့သူမျိုးသည်ကြားထဲရှောင်းကျန့်မသိအောင်ဝမ်ချင်နဲ့ဆက်သွယ်လိုက်သေးတယ်။ရှောင်းကျန့်ကတော့ဒါကိုမသိချင်ယောင်သာဆောင်ထားလေရဲ့။အဲ့ဒါမှသူဆင်တဲ့ထောင်ချောက်ထဲရန်သူတွေတိုးဝင်လာမည်မလား။

"ဦး!!

ဆိုဖာပေါ်မှာသတင်းကြည့်နေတဲ့ရှောင်းကျန့်သူ့ရဲ့ဦးဆိုတဲ့အသံကြောင့်ဘာလဲဆိုတဲ့အကြည့်နဲ့မျက်ခုံးဆတ်ပြတယ်။

"ဒီကြည့် ကျွန်တော်မျက်လုံးကိုသေချာကြည့်"

ရှောင်းကျန့်ကလဲဘာထူးခြားသလဲလို့ပြန်ကြည့်တော့ရိပေါ်ကမျက်တောင်တဖျပ်ဖျပ်ခတ်ပြလေရဲ့။

"ဘာလဲ "

ရှောင်းကျန့်ကလေသံကိုတတ်နိုင်သလောက်မာထားတော့ရိပေါ်နှုတ်ခမ်းကိုစူနိုင်သလောက်ဆူထားတယ်။ဒါမှလဲဒီရန်ကကာကွယ်နိုင်မှာကိုး။

"ကျွန်တော်မျက်လုံးထဲမှာ မျက်ရည်တွေ
မမြင်ဘူးလား"

ရိပေါ်ကပြောရင်းရှောင်းကျန့်ရဲ့ပေါင်ပေါ်ကိုစွေ့ခနဲ့တက်ထိုင်ကာလည်တိုင်လေးကိုပါချိတ်ထားလိုက်သေးတယ်။

"ငိုနေတဲ့ကလေးတွေကို ဘယ်လိုချော့ရလဲသိလား"

ထိုစကားကြောင့်ရှောင်းကျန့်မျက်ခုံး၂ခုထိလုနီးနီးတွန့်ကွေးသွားသည်။ဘယ်လိုချော့ရမလဲသူမသိတာကိုတော့ဝန်ခံရမည်ကလေးမှမရှိတာကို။

"ငါ ဘယ်လိုလုပ် သိမှာလဲ"

ထို့နောက်ရိပေါ်လဲအားသွန်ခွန်စိုက်အကြံတွေကိုအလုပ်ပေးသည်။ရှောင်းကျန့်သူ့ပါးပေါ်ကနွေးခနဲဖြစ်သွားတာကြောင့်မျက်လုံးအစုံကစွင့်ကားလာသည်။အကြောင်းကတော့ဝမ်ရိပေါ်ကသူ့ပါးကိုရွှတ်ခနဲနမ်းလိုက်တာကြောင့်ဖြစ်သည်။တစ်ပြိုင်တည်းသူ့အငယ်ကောင်ကပါငေါက်ခနဲထိုအနမ်းကိုသဘောကျသယောင်။

💕အၾကင္နာအင္အား ❤💕အကြင်နာအင်အား ❤S1 👑Complete👑Where stories live. Discover now