(10)

5.4K 320 5
                                    

Zawgyi 🍁

"ဝမ်ချင် မင်းဘာတွေလုပ်နေတာလဲ"

ပြန်ရောက်သည်နှင့်ကြားရတဲ့သတင်းကြောင့်
ထပ်ပြီးအမောစို့ရပြန်တယ်။ ဒီမှာမရှိတုန်း
ဝမ်ချင်းတော်တော်သောင်းကျန်းထားသည်။

"ကျန်းချန် နင်တောင်ပြန်လာပြီကိုး"

ဝမ်ချင်းတစ်ယောက်ကျန်းချန်ကိုမြင်တော့မှ
ထိုင်ရာကနေဆက်ခနဲထလိုက်သည်။
သည်ကြားထဲသူလဲရိပေါ်စိတ်နဲ့၊ စိတ်နဲ့ကိုယ်နဲ့
မကပ်ချင်ဝိုင်လေးသောက်လိုက်၊
သောင်းကျန်းလိုက်နဲ့တစ်ကယ်ကို
သာသာယာယာပဲ။

"ဟုတ်တယ် ငါပြန်လာပြီ "

"နင်ခေါင်းဆောင်ကိုပြန်တွေ့ပြီလား"

သိချင်စိတ်နဲ့မေးလိုက်တော့ခနမျှသာ၊
ကျန်းချန်ငြိမ်ကျသွားပြီး။ ဟူးခနဲလေပူတစ်ချက်ကို
မှုတ်ထုတ်တယ်။

"ဟင့်အင်း ငါကိုကို့ ကိုဘယ်မှာမှရှာမတွေ့ဘူး"

ပျောက်သောသူရှာရင်တွေ့ဆိုတဲ့စကားကို
မယုံရဲလောက်အောင်၊ ကိုကိုရာ
ပျောက်ချက်သားကောင်းနေလိုက်တာ။
ဒါမှမဟုတ် ကျွန်တော်ကိုမတွေ့ချင်လို့
တမင်သက်သက်ပုန်းကွယ်နေတာလား။

အတွေးနဲ့တင်ရူးနိုင်သည်မို့တွေးလက်စများကို
ခပ်မြန်မြန်ဖျက်တောက်ကာလက်ရှိကမ္ဘာထဲကို
အရောက်တွန်းပို့လိုက်သည်။

"ငါကြားရတဲ့သတင်းကအမှန်ပဲလား
နင်တစ်ကယ်ပဲ ကောင်လေးတစ်ယောက်ကို
ချစ်နေမိတာလား"

"အင်း.. ဟုတ်တယ် ဒါပေမယ့် နင်သိလား
ငါချစ်တဲ့သူကို ငါ့ရန်သူကလုသွားတယ်လေ!!"

အားမလိုအားမရခပ်ကျယ်ကျယ်ပြောလိုက်တော့
ကျန်းချန်ရဲ့၊ ရယ်သံကြီးကကျယ်လောင်စွာ။

"အေးလေ ဖြစ်မှာပေါ့ နင့်ရန်သူက နင့်ကို
Crushဖူးတယ်ဆို "

"အဲ့ဒါတွေက အတိတ်တွေပါဟာ ဟုတ်တော့လဲ
ဘာအရေးလဲ ငါသူ့ကိုမကြိုက်ဘူး"

"အိမ်း!!! နင့်ပြိုင်ဘက်ကလဲ ပေါ့သေးသေးတော့
မဟုတ်ဘူးနော် "

"ငါသိတယ် ဒါပေမယ့် ရိပေါ်ကိုပိုင်ဆိုင်ရအောင်
နင်ကူညီပေးပါနော်"

💕အၾကင္နာအင္အား ❤💕အကြင်နာအင်အား ❤S1 👑Complete👑Onde histórias criam vida. Descubra agora