Zawgyi 🌴
"ခွမ်း!!
ဝမ်ချင်းအခန်းထဲကပန်အိုးကိုနံရံနဲ့ပစ်ပေါက်လိုက်သည်။
အကြောင်းကတော့ ရှောင်ကျန့်ကရိပေါ်နဲ့ဆက်ဆံတဲ့
Videoကိုပို့ပေးလိုက်တာကြောင့်သူကြည့်ပြီး
ပေါက်ကွဲနေခြင်း။"ဘာဖြစ်တာလဲ.. မမဝမ်ချင်း"
"တောက်!! ငါ ရှောင်ကျန့်ကိုသတ်ပြစ်ချင်နေပြီ "
ကျိယန်က အနားကိုကပ်လာကာနှစ်သိမ့်ပေးရန်
ကြိုးစားသည်။ ဒါပေမယ့် ဝမ်ချင်းကလက်မခံ။"စိတ်ထိန်းပါ မမဝမ်ချင်း!!!
"ဟင့်အင်း မရတော့ဘူး ငါသူ့ကိုသတ်ချင်တဲ့
စိတ်ကိုဒီထက်ပိုပြီးထိန်းထားလို့မရတော့ဘူး"ကျလက်စမျက်ရည်များကိုလက်ခုံနဲ့သုတ်ဖယ်ကာ၊
ရိပေါ်ဖြစ်ပျက်နေသည့်မျက်နှာလေးကို
ရုပ်ရှင်ပြကွက်လိုကွင်းကွင်းကွက်ကွက်
မြင်ယောင်လာတာကြောင့် ဝမ်ချင်းစိတ်တွေက
ထိန်းချုပ်လို့မရတော့။"ကျန်းချန် ပြန်ရောက်ပြီလား"
ဝမ်ချင်းမေးသည်ကိုကျိယန်လဲဟူးခနဲနှာတစ်ချက်
မှုတ်ကာခေါင်းခါပြရင်း။"မရောက်သေးဘူး ခေါင်းဆောင်ကို
လိုက်ရှာဖို့ဆိုပြီးထွက်သွားပါတယ် နောက်နေ့ဆို
ပြန်ရောက်လောက်ပြီ"ချက်ချင်းယုတ်မာသည့်အပြုံးတစ်ခုကိုဆင်မျန်းကာ၊
ဆိုဖာပေါမှာစနစ်တကျခြေချိတ်ထိုင်လိုက်သည်။"အဟွန်း ခေါင်းဆောင်က သေသွားပြီ.. ဒါကိုသူက
အခုထိ မယုံသေးဘူး""အစ်ကိုလေးက အခုထိစိတ်မဖြေနိုင်လို့ပါ
မမဝမ်ချင်းနားလည်ပေးလိုက်ပါ"ဝမ်ချင်းပျင်းရိစွာမျက်နှာကျက်ကိုတစ်ချက်
ကြည့်ပြီးနောက်။"အိုက်ယိုး ဘယ်တော့များမှ ဒီဂိုဏ်းတစ်ခုလုံးရဲ့
ခေါင်းဆောင်ဖြစ်မှာလဲမသိဘူး""ဒါပေမယ့် ခေါင်းဆောင်က!!!!
ကျိယန်ဆက်မပြောခင်ဝမ်ချင်းကဆက်ခနဲ
ခေါင်းထောင်ကြည့်လာသည်။"ပါးစပ်ပိတ်ထား ကျိယန် အခုငါက ဂိုဏ်းရဲ့
ယာယီခေါင်းဆောင် နောက်ကျရင် ငါတစ်ကယ်ပဲ
ဒီဂိုဏ်းတစ်ခုလုံးကိုအပိုင်စားရတော့မှာ အဟက်
အဲ့အတွက်လဲ ခေါင်းဆောင်တစ်ကယ်သေဖို့ပဲ
လိုအပ်တယ် မသေလဲနောက်တစ်ခါ
ထပ်သတ်တာပေါ့"
YOU ARE READING
💕အၾကင္နာအင္အား ❤💕အကြင်နာအင်အား ❤S1 👑Complete👑
FanfictionUnicode 🍁 Zawgyi Zhanyi18+ဖြစ်တာကြောင့်အသက်မပြည့်ရင် မဖတ်သင့်ပါ 😁 Zhanyi18+ဖြစ်တာကြောင့်အသက်မပြည့်ရင် မဖတ်သင့်ပါ 😁