(28)

3.5K 257 45
                                    

Zawgyi 🌴

(ကျန့်ကောကထစ်ခနဲရှိတတ်ဂျိန်းတာကြောက်လာပြီ)👍

"ကျွန်တော်.. မားကိုတွေ့ချင်တယ်"

ထမင်းခွံ့နေတဲ့ရှောင်းကျန့်လက်တွေကရိပေါ်စကားကြောင့်လေပေါ်မှာရပ်တန့်သွားလေရဲ့။

"မတွေ့ရဘူး"

စိတ်ပျက်ခြင်းများစွားနဲ့လှမ်းလက်စထမင်းခပ်ယူထားတဲ့ဇွန်းလေးကိုပန်းကန်ထဲဂွက်ခနဲပြန်ချရင်းကြောတော့ဒီကောင်လေးကသူ့ကိုသနားစဖွယ်ပြန်ကြည့်ရှာတယ်။

"ကျွန်တော် မားနဲ့မတွေ့တာကြာနေပြီ ခနပဲတွေ့မှာပါ"

"ဝမ်ရိပေါ်.. မင်းငါ့အကြောင်းသိရင် ငြိမ်ငြိမ်နေစမ်း ငါကမတွေ့ရဘူးဆိုရင် မတွေ့နဲ့ပေါ့ ဘာလို့စောဒကတတ်နေရတာလဲ"

တစ်ညလုံးဒီတိုင်းပြစ်ထားခဲ့ပြီးနောက်မနက်စောစောရှောင်းကျန့်တစ်ယောက်ရိပေါ်အခန်းထဲသွားပြီးထမင်းကျွေးခြင်း။

"ခနလေးပဲ တွေ့ချင်တာပါ မရဘူးလား"

"မရဘူး!! မင်းဘယ်လိုနည်းနဲ့မှ အပြင်ထွက်လို့မရဘူး နားလည်လား"

အကယ်၍ဒီကောင်လေးနဲ့သာအပြင်ထွက်ရင်ဒုက္ခများမှာမြင်ယောင်လာတာကြောင့်ရှောင်းကျန့်ဘယ်လိုနည်းနဲ့မှခွင့်မပြု။

"ရိပေါ်!! ငါကောင်းကောင်းပြောနေတာကို မင်းဘာဖြစ်လို့ အရမ်းဆိုးနေတာလဲ ငါ့ကို လူဆိုးကြီးဖြစ်စေချင်လို့လား"

အနားကိုသွားပြီးတစ်ဆက်ဆက်တုန်ယင်နေတဲ့ပုခုံးလေးကိုဆွဲဖက်ကာပြောတော့ထိုကောင်လေးကရင်ခွင်ထဲသာတိုးဝင်လာပြီးတရှုံ့ရှုံ့ငိုပြန်သည်။ဒီလိုဆိုတော့လဲရှောင်းကျန့်မှာစိတ်မသက်သာလှ။

"ဦးရဲ့စကားကိုနားထောင်နော်!! မသွားပါနဲ့"

ရိပေါ်ရင်ခွင်ထဲကနေခေါင်းလေးညိမ့်ပြလာသည်မို့ခပ်တန်းတန်းဖြစ်နေသောနှုတ်ခမ်းပါးတို့အားအပေါ်သို့ကော့တတ်စေလိုက်သည်။

"လိမ္မာတယ် !!

အခုချိန်မှာဝမ်ချင်းရဲ့အစီစဉ်ကဘာလဲဆိုတာမသိရသေးဘူး။ဒါပေမယ့်သေချာပေါက်ရိပေါ်ကိုပြန်လုမှာကိုတော့ခံစားမိတယ်။သူဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်ရိပေါ်ကိုပြန်ယူလိမ့်မယ်။ဝမ်ချင်းကတရုတ်ကိုအလျင်စလိုပြန်လာခဲ့ပြီးငါ့အပိုင်ကိုတောင်ဆွဲနမ်းသွားသေးတယ်။ ကျစ်!!

💕အၾကင္နာအင္အား ❤💕အကြင်နာအင်အား ❤S1 👑Complete👑Donde viven las historias. Descúbrelo ahora