(31)

3.6K 232 28
                                    

Zawgyi 🌴

Luggageကြီးဆွဲကာနောက်ဆုံးတော့ကနေဒါကိုသွားဖို့အချိန်ရောက်လာပြီပေါ့။အမှတ်မဲ့စွာလူကြီးကိုတော့ခပ်ရေးရေးလေးမျှော်မိသား။အမြဲတမ်းအမြင့်မှာရှိနေတဲ့ရိလင်းသခင်ကဒီအကြောင်းကိုစုံစမ်းမရလို့များလား။

"ရိပေါ်.. ဘာကြည့်နေတာလဲ သွားမယ်လေ"

"ဟုတ်!!!

ခေါင်းလေးညိမ့်လို့မမဝမ်ချင်းအနောက်ကနေလိုက်သွားယုံမှအပ၊ဘာမှပြောနိုင်မှာတဲ့လဲ။နောက်ဆုံးတော့ဦးနဲ့တကွအရာအားလုံးကိုထားခဲ့ရပြီပေါ့။

မျက်လုံးလေးမှိတ်ပြီးဦးရဲ့စကားသံတို့က်ုပြန်ကြားယောင်လာတော့သွားမယ့်လမ်းခရီးဖြောင့်ဖြူးဖို့အကြောင်းပြချက်လုံလောက်ခဲ့ပါတယ်။

ပြီးတော့! မားမားရဲ့ဈာပနကိုပါလုပ်ခွင့်မရခဲ့ဘူး။ဒီထက်ပိုဆိုးတာရှိပါဦးမလား။အဲ့ဒီထက်ပိုပြီးရယ်စရာကောင်းတာကမားမားကိုသတ်တဲ့လူသတ်သမားကိုမှမေတ္တာသက်ဝင်မိပါသည်တဲ့။

ဒီလောက်ထိထုထည်ကြီးမားတဲ့ဝဋ်ကြွေးကြီးကိုပုခုံးပေါ်ထမ်းပြီးသံသရာအဆက်ဆက်ကူးခက်ရဦးမှာပေါ့။

ကျွန်တော်ခင်ဗျားကိုမုန်းချင်တယ် ရှောင်းကျန့်။ကျေးဇူးပြုပြီး ကျွန်တော်ကို အေးအေးဆေးဆေး မုန်းခွင့်ပဲပေးစမ်းပါ။

အဲ့ဒီလိုအပြုံးနဲ့ကျွန်တော်အိမ်မက်တွေထဲထိဝင်လာဖို့မကြိုးစားစမ်းပါနဲ့။ခင်ဗျားနောက်ဆုံးချိန်ထိကျွန်တော်လက်ကိုမဆွဲထားခဲ့ဘူးလေ။ဒီအကြောင်းပြချက်လေးနဲ့ပဲခင်ဗျားကိုဥပေက္ခာပြုလိုက်ဖို့လုံလောက်ခဲ့ပြီ။

ကနေဒါကိုရောက်တော့ပထမဆုံးကားထဲကနေခြေလှမ်းစပြီးခမ်းနားထည်ဝါသည့်အိမ်ကြီးထဲကိုဝင်သွားလိုက်တယ်။

ခြံထဲမှာလေယူရာယိမ်းထိုးနေတဲ့ပန်းပင်များကိုမျက်ကွယ်ပြုရင်းပေါ့။

"ရိပေါ်လေး ဒါ ရိပေါ်လေးအခန်းပဲ စိတ်တိုင်းကျရဲ့လား ဝင်ကြည့်"

အခန်းထဲရောက်သည်နှင့်စိတ်တိုင်းမကျစရာတစ်ကွက်မှမရှိ။ခပ်အိအိမွေ့ယာကြီးပေါ်ကိုဆောင့်ထိုင်ချလိုက်တော့အရေးပါဆုံးခင်ဗျားကိုတော့သတိရမိသား။

💕အၾကင္နာအင္အား ❤💕အကြင်နာအင်အား ❤S1 👑Complete👑Donde viven las historias. Descúbrelo ahora