Zawgyi 🌴
"ချိုတယ်"
၂ယောက်ကြားနိုင်ယုံမျှပြောပြီးရှောင်းကျန့်တစ်ယောက်ရိပေါ်ရဲ့ပုခုံးပေါ်ကိုခေါင်းတင်ကာအင်တင်တင်ဖြစ်လေသည်။
"ခင်ဗျားသတိထားဦး.. ဒီနေရာမှာ အိပ်ပျော်သွားလို့မဖြစ်ဘူး"
သူပြောလိုက်တော့မျက်လုံးမှိတ်ရာကနေဆက်ခနဲဖွင့်ကြည့်လာတဲ့ရှောင်းကျန့်၊အကြည့်တွေကစူးရဲသလိုကြောက်ဖို့ကောင်းသည်။ပြီးနောက်သူ့နှုတ်ခမ်းလွှာလေးတွေထပ်ဖန်စားသုံးခြင်းကိုခံလိုက်ရသည်။
"အွင့်..လွှတ်ပေး "
"မင်း ငြိမ်ငြိမ်နေ မလှုပ်နဲ့"
တစ်ပြိုင်တည်းသူ့ရဲ့ဖြူဥနေတဲ့ခန္ဓာလေးကထပ်ဖန်သိမ်းကျုံးဖက်ခြင်းခံလိုက်ရပြီးအိပ်ယာပေါ်ကိုပါပစ်ချခြင်းခံလိုက်ရသေးသည်။
ရိပေါ်တစ်ယောက်ဘာလုပ်လို့်ဘာကိုင်ရမှန်ူမသိ၊အမည်မသိခံစားချက်ကြီးနဲ့အတူရှောင်းကျန့်ပြုမူသမျှကိုမငြင်းမိ။
"လိမ္မာတယ် "
ခေါင်းလေးဖွဖွပုတ်ကာနှဖူးလေးပါနမ်းရင်းပြောတာကြောင့်ရိပေါ်မှာစိတ်တွေမရိုးမယွနဲ့။
ဘာလဲ ဒီလူကြီးက ငါ့ကိုအိမ်မွေးတရိစ္ဆာန်တစ်ကောင်လို၊ပြုမူနေတာလား။
ထို့နောက်ရှောင်းကျန့်ကရိပေါ်ရဲ့လည်တိုင်လေးကိုအနမ်းပေးသည်။ရိပေါ်လည်းပဲပြန်ဖက်ထားပြီးအနမ်းတွေကိုခံယူလျှက်။
"ချစ်!! ချစ်ဖို့ကောင်းတယ် ဟက်ဟက်"
"ဟမ်"
ပြောပြီးတာနဲ့သူ့ပေါ်ကိုမေ့လဲကျလာတဲ့ရှောင်းကျန့်ကြောင့်ထောင်မတ်လာတဲ့အငယ်ကောင်တောင်ပြန်လှဲကျသွားသည်။
"ကျစ်!! ငါထင်တာ ဒီလူကြီး ငါ့ကိုတစ်ခုခုလုပ်တော့မယ်ထင်နေတာ"
ကိုယ့်အတွေးနဲ့ကိုယ်မို့မျက်နှာတစ်ခုလုံးခရမ်းချဉ်သီးပမာနီရဲလာလေ၏။ထို့နောက်လေးလံလွန်းတဲ့ရှောင်းကျန့်ခန္ဓာကိုယ်ကိုဘေးသာ အသာတွန်းချလိုက်တော့တယ်။
အချစ်နဲ့စစ်မှာမတရားတာမရှိဘူးတဲ့ငါ့အထင်သခင်ကြီးကအဲ့ကောင်လေးကိုချစ်နေပြီ။ဒါမျိုးတော့အဖြစ်မခံဘူး။
ŞİMDİ OKUDUĞUN
💕အၾကင္နာအင္အား ❤💕အကြင်နာအင်အား ❤S1 👑Complete👑
Hayran KurguUnicode 🍁 Zawgyi Zhanyi18+ဖြစ်တာကြောင့်အသက်မပြည့်ရင် မဖတ်သင့်ပါ 😁 Zhanyi18+ဖြစ်တာကြောင့်အသက်မပြည့်ရင် မဖတ်သင့်ပါ 😁