Zawgyi 🍁
"ယွဲ့အော်!!
ကြားဖူးသယောင်ရှိတဲ့အသံလေးကြောင့်ယွဲ့အော်မျက်လုံးတွေဖွင့်လာခဲ့သည်။
"ယွီပင်း"
"ဖြေးဖြေးထ "
ယွီပင်းကလက်ထဲမှာထမင်းပန်းကန်လေးကိုင်လို့၊ကြည့်ရတာမေတ္တာလက်ကျန်လေးနဲ့လာခဲ့သည်ထင်ပါတယ်။
"အစ်ကို!! နင့်! ကို ဘာ.. ဘာမှ မပြောဘူးလား"
ယွဲ့အော်အားတင်းကာတစ်လုံးချင်မပီမသပြောလိုက်တော့ယွီပင်းလဲအမည်မသိခံစားချက်ကြောင့်ရင်တွေဆစ်ခနဲပဲ။
"သခင်ကြီးက ယွဲ့အော်ကိုထမင်းကျွေးခိုင်းလိုက်တာ"
ပြီးပြီလေ!! ဒါပဲပေါ့ ယွီပင်းရဲ့စိတ်ထဲမှာ အစ်ကိုကလွဲပြီး ဘယ်သူ့ကိုမှပထမနေရာမပေးခဲ့ဖူးဘူး။
"လာခဲ့.. ငါထမင်းခွံ့မယ်"
ဇွန်းနဲ့ခပ်ယူကာပါးစပ်နားကိုတေ့ပေးလာတဲ့ထမင်းကိုယွဲ့အော်ငြင်းဆန်ချင်တဲ့သဘောနဲ့မျက်နှာလေးလွှဲလိုက်ပြီး။
"ယွီပင်း!!
မျက်ရည်ဆက်လက်နဲ့ခေါ်လာတဲ့ယွဲ့အော်ကြောင့်ယွီပင်းမှာဘာလုပ်လို့ဘာကိုင်ရမှန်းမသိ။
"ဘာပြောမလို့လဲ ယွဲ့အော်"
ယွဲ့အော်ခပ်ရေးရေးလေးပြုံးလိုက်တယ်။အစ်ကိုဆီကနေလျှာမဖြတ်ဖို့တောင်းဆိုခဲ့တာကဒီနေ့အတွက်ဘဝနေဝင်ချိန်မှာပြောခဲ့ချင်တာပြောရအောင်လို့ပဲ။
"အစ်ကို ငါ့ကိုစိတ်တိုနေသေးတယ်လား"
ထိုအခါယွီပင်းကသက်ပျင်းတစ်ချက်ချလိုက်တယ်။ဒီလိုအခြေနေမှာစိတ်မတိုလို့ရပါ့မလား။ယွဲ့အော်ရဲ့ဖြတ်ပြီးသားလက်ချောင်းတွေကိုသခင်ကြီးကရက်စက်စွာပဲသူ့ရဲ့ချစ်လှစွာသောခွေးတွေကိုကျွေးလိုက်တယ်လေ။
"အင်း..သခင်ကြီးစိတ်ဆိုးနေသေးတယ်"
"ငါ နောက်ဆုံးအနေနဲ့!! နင့်ကို ပြော.. ပြောခဲ့ချင်တာ ရှိတယ် အနားကိုတိုးလာခဲ့"
တစ်လုံးချင်းပြောထွက်လာတဲ့ကောင်မလေးရဲ့မျက်နှာကသွေးရောင်မရှိတော့သလိုဖြူလျော့နေသည်ကိုတွေ့ရပေလိမ့်မည်။ထို့နောက်သူလည်းပဲအနားကိုစိတ်မကောင်းစွာနဲ့တိုးကပ်သွားတော့ယွဲ့အော်ရဲ့စကားသံတိုးတိုးကဤကဲ့သို့။
BẠN ĐANG ĐỌC
💕အၾကင္နာအင္အား ❤💕အကြင်နာအင်အား ❤S1 👑Complete👑
FanfictionUnicode 🍁 Zawgyi Zhanyi18+ဖြစ်တာကြောင့်အသက်မပြည့်ရင် မဖတ်သင့်ပါ 😁 Zhanyi18+ဖြစ်တာကြောင့်အသက်မပြည့်ရင် မဖတ်သင့်ပါ 😁