Zawgyi 🌴
"ရိပေါ် သခင်ကြီး ခေါ်နေတယ်"
ယွီပင်းရဲ့အသံကြောင့်သူ့မှာထိတ်လန့်သွားရတယ်။ပြီးနောက်ယွီပင်းမျက်နှာကိုခပ်တွေတွေကြည့်လိုက်တော့ယွီပင်းမျက်နှာမကောင်းတာကိုပါသတိထားမိသည်။
"အစ်ကို မျက်နှာလဲမကောင်းပါလား ဘာဖြစ်နေတာလဲ "
"အာ.. အဲ့လိုဖြစ်သွားလား ဟင့်အင်း အစ်ကိုဘာမှမဖြစ်ပါဘူး"
ယွီပင်းအတတ်နိုင်ဆုံးမျက်နှာအမူရာကိုထိန်းရင်းပြောလိုက်သော်လဲရိပေါ်ကတော့သူ့ကိုအကဲခတ်နေဆဲ။
"သခင်ကြီး စောင့်နေတယ် သွားတော့"
"ဟုတ်ကဲ့ "
အခန်းတံခါးကိုတွန်းကာဖွင့်ရင်းဝင်သွားတော့ဦးနဲ့အတူချင်းယွဲ့ကျဲကျဲပါရှိနေသည်။ထို့ကြောင့်ခြေလှမ်းတွေကယောင်ယမ်းကာတုန့်ခနဲ။
"ဝမ်ရိပေါ် ရောက်နေတယ်မလား ဘာကိုစောင့်နေတာလဲ အနားလာခဲ့လေ"
ထိုသို့အမိန့်ဆန်သောအသံကြောင့်အသိစိတ်များကလက်ရှိကမ္ဘာထဲကိုပြန်ရောက်လာပြီးဦးရှိရာကိုဦးတည်မိတော့တယ်။အနားရောက်တော့ယွဲ့အော်ကသူ့ကိုမဲ့ရွဲ့ကာကြည့်ပြီးပန်းသီးစိပ်လေးကိုရှောင်းကျန့်ပါးစပ်ထဲထည့်ပေးသည်ကိုတွေ့ရသည်။ထို့နောက် ရှောင်းကျန့်လဲထိုပန်းသီးစိပ်လေးအားအသာစားပြီးသူ့ကိုပြူးကြောင်ကြောင်ကြည့်နေတဲ့ရိပေါ်ကိုအတင်းဆွဲရင်းပေါင်ပေါ်စွေ့ခနဲတင်လိုက်သည်။
"ယွဲ့အော် သွားတော့"
"ဟာ...အစ်ကို ယွဲ့အော်ပန်းသီးအခွံနွှာနေတယ်လေ"
သူ့စကားကိုစောဒကတတ်ပြီးပြောလာတဲ့ယွဲ့အော်ကိုရှောင်းကျန့်တစ်ယောက်မီးဝင်းဝင်းတောက်သည့်အကြည့်သာပစ်ပေးလိုက်တော့ယွဲ့အော်လည်းပဲဘာမှမပြောသာတော့ပဲအခန်းထဲကနေခြေဆောင့်ကာထွက်သွားလေရဲ့။
"ကဲ အခု ကိုယ့်ကိုယ် စပျစ်သီးအခွံခွာကျွေး"
"ဘာရယ်!!
ထပ်ဖန်လေသံတိုးလျလျနဲ့ပြောလာသောအသံလေးကခုနအတိုင်းကွဲလွဲမှုအရှိတာကြောင့်ရိပေါ်သက်ပျင်းသဲ့သဲ့ချပြီး။
YOU ARE READING
💕အၾကင္နာအင္အား ❤💕အကြင်နာအင်အား ❤S1 👑Complete👑
FanfictionUnicode 🍁 Zawgyi Zhanyi18+ဖြစ်တာကြောင့်အသက်မပြည့်ရင် မဖတ်သင့်ပါ 😁 Zhanyi18+ဖြစ်တာကြောင့်အသက်မပြည့်ရင် မဖတ်သင့်ပါ 😁