SeokJin ကိုက်ခဲနေသည့် ခန္ဓာကိုယ်ကို အားစိုက်သယ်ပြီး
ပြိုင်ကားအနီးလေးအတွင်းမှ ဆင်းလာတော့ Mommy က
ဧည့်ခန်းထဲရှိ sofa ပေါ်တွင် ခြေချိတ်ထိုင်နေသည်။ကြယ်သီးမပါသော အကျီ င်္ကိုအသာစိထားရင်း Mommy ကိုအားယူပြုံးပြတော့ သူမက နံဘေးတွင် လာထိုင်စေသည်။
"ဥက္ကဌက မင်း manager ကိုအလုပ်ထုတ်လိုက်ပြီ ဘယ်လိုဖြစ်တာလည်း"
Mommy ကလေသံမာမာဖြင့်မေးလာတော့ SeokJin
ခေါင်းငိုက်စိုက်ချနေရာမှ မော့ကြည့်လာသည်။
ပြီးမှ တုန်ယင်နေသော နှုတ်ခမ်းဖူးဖူးတို့က စကားလုံးတို့ထွက်ကြလာသည်။"manager က ကျွန်တော်ကို လာနမ်းနေတာကို Joon မြင်သွားတာ ဒါကြောင့်"
"ဘာပြောတယ် KimSeokJin"
အဖျားခတ်သောလေသံတို့အဆုံးမတိုင်မီပင် Mommy ရဲ့ ဒေါသတကြီးအော်သံက ဧည့်ခန်းအတွင်းပျံ့နှံ့သွားတာကြောင့် SeokJin တုန်ယင်နေသော လက်ဖဝါးအချင်းချင်းဆုပ်ကိုင်ထားလိုက်သည်။
*ဖျောင်း*
ရုတ်တရက်ဆိုသလို သူမသည် SeokJin နားကပ်လာပြီး ပါးပြင်နုနုကို လက်ဖဝါးဖြင့်အားကုန်လွှဲရိုက်လိုက်သည်။
အဖျားသွေးရှိနေသော SeokJin သည် သူမ၏ရိုက်ချက်ကြောင့် sofa တစ်ဖက်သို့လဲကျသွားသည်။"နင်ဘာလို့ဒီလိုဖြစ်ရတာလည်း ဥက္ကဌက ငါတို့ကို ပြဿနာရှာရင်ဘယ်လိုလုပ်မှာလည်း နင်က ပြဿနာကောင်ပဲ တော်သေးတယ်ဘာမှမပြောလို့ တောက် နင်နဲ့ manager ဘယ်လိုသက်ဆိုင်တာလည်း"
Mommy ရဲ့တစ်ဖက်သက်ဆန်ဆန်ဒေါသစကားများကြောင့် SeokJin ပါးပြင်ထက်မျက်ရည်ဥတို့ ဆက်မပြတ်စီးဆင်းလာပြီး ရှိုက်သံတွေပါ ထွက်ကျလာသည်။
"ဘာမှမဆိုင်ပါဘူး တောင်း ပန် ပါ တယ် "
"ယောက်ျားလေးဖြစ်ပြီး ဒီလောက်တော့ ခံနိုင်ရည်မရှိဘူး စိတ်ပျက်စရာ သွား fan sign ရှိတယ်မဟုတ်လား နင့်ခန္ဓာကိုယ်ကို သန့်ရှင်းရေးသွားလုပ် စုတ်ပြတ်နေတာပဲ"
YOU ARE READING
Señorita {NamJin} Completed!!!
FanfictionKimNamJoon X KimSeokJin Your smell can almost make me crazy bae ~ Mature on ! More than three mature scenes will contain ! I've already given you warning !