|rumor|

1K 145 3
                                    

SeokJin တစ်​​ယောက်​ Joon က လှမ်း​ခေါ်လာတာ​ကြောင့်​ shooting မှ အမြန်​ဆုံးထွက်​ခွာလာခဲ့သည်​။

ရုတ်​တရက်​ထွက်​လာ​သော rumor ​ကြောင့်​ shooting ကို ရပ်​ဆိုင်းလိုက်​ရသည်။
HanYuumee က​တော့ ပြုံးစိစိနှင့်​။
SeokJin ရိပ်​မိသည်​။ဒါဟာလုပ်​ဇာတ်​တစ်​ခုဖြစ်​​ကြောင်း။

ပြိုင်​ကားအနီ​​လေးသည်​ Kim group ရုံးချုပ်​​ရှေ့ဆိုက်​​ရောက်​သည်​နှင့်​ manager hyung ကို​တောင်​ မနှုတ်​ဆက်​မိဘဲ ရုံးချုပ်​အတွင်းသို့ ​ဇောနှင့်​ဝင်​ခဲ့ရသည်​။

"SeokJin sii ဥက္ကဌ​စောင့်​​နေပါတယ်​"

ဝန်​ထမ်း​ကောင်​မ​လေးကို ​ခေါင်းငြိမ့်​ပြပြီး ဓာတ်​​လှေကားအတွင်းဝင်​​ရောက်​သည်​။
လက်​ဖျားများသည်​ တုန်​လှုပ်​ပြီး ​အေးစက်​လို့​နေသည်​။
Joon အပြစ်​​ပေးတာကိုခံရ​တော့မည်​ဟု သူထင်​​နေသည်​။

အလွှာတစ်​ဆယ်​​ရောက်​သည်​နှင့်​ စိတ်​ကိုအဆုံးထိ​လျော့ချပြီး ရုံးခန်းအတွင်းဝင်​​ရောက်​သည်​။
Personal assistant နှင့်​စကား​ပြော​နေ​သော Joon ဟာ သူ့ကို​တွေ့​တော့ တစ်​ချက်​မျက်​စပစ်​ပြပြီး ဆက်​​ပြော​နေသည်​။

ဒါ​ကြောင့်​ SeokJin ​လည်းအလိုက်​သိစွာ sofa ​ပေါ်တွင်​ ဝင်​ထိုင်​ပြီး ​ခေါင်းငုံ့ထားရသည်​။
စိတ်​ငြိမ်​​အောင်​ လက်​နှစ်​ဖက်​ကို ​ကျစ်​ကျစ်​ဆုပ်​ကိုင်​ထားရသည်​။

အမှန်​ဆို Joon ကို ရှင်းပြရန်​ သူကြိုးစားရမည်​ဖြစ်​​သော်​လည်း သူ​ခေါင်းငုံ့ခံရန်​သာ စီစဉ်​ထားသည်​။
သူရှင်းပြသည့်​ အလုပ်​မျိုးမလုပ်​ချင်​မိ။

"တင်​သမျှ media ​တွေမှန်​သမျှကို ဖျတ်​ချလိုက်​ နာရီဝက်​အတွင်း သတင်း​တွေဆက်​မပြတ်​​စေနဲ့ ​နောက်​တစ်​ခု daisy CEO ​ရော HanYuumee ကိုပါ ​ခေါ်လိုက်​"

"ဟုတ်​ကဲ့ပါ ဥက္ကဌ"

မေးရိုး​တွေ​ထောင်​​နေ​သော Joon ကိုကြည့်​ပြီး SeokJin စိတ်​မ​ကောင်းမိ။
Bae ​ကြောင့်​ အလုပ်​​တွေရှုပ်​​နေ​ပါပြီ။

Personal assistant ဟာ ဖိုင်​တွဲအချို့နှင့်​အတူအပြင်​ထွက်​သွားသည့်​အခါမှ Joon သည်​ ​​ငွေမှင်​​ရောင်​မျက်​မှန်​ကိုချွတ်​ပြီး သူ့ဆီ​လျှောက်​လာသည်​။

Señorita {NamJin} Completed!!!Where stories live. Discover now