sofa ပေါ်တွင် ခြေကားယား၊လက်ကားယားထိုင်ပြီး ရေခဲမုန့်စားနေသော ညီမငယ်ကို NamJoon ပါးချိုင့်တို့နစ်ဝင်သည်အထိပြုံးပြီး ငေးကြည့်နေမိသည်။
"စားပြီးရင်လည်း ကိစ္စလေးရှင်းပါဦး ကိုကို့ကို မုန်းတယ်ဆိုပြီး ပါးစပ်ပေါက်ကနေ ထွက်လာတဲ့အကြောင်း"
သူ့စကားကြောင့် yoonie သည် ရေခဲမုန့်စားနေရာမှ မော့ကြည့်လာသည်။
"ကိုကိုက အမြဲတစ်ခုခုဆို yoonie ကိုမပြောပြဘူး ကိုကို့ရဲ့ ကိုယ်ရေးကိုယ်တာကိုတောင် ကိုကို့ရဲ့ တစ်ဦးတည်းသော သွေးသားအရင်းဖြစ်တဲ့ yoonie ကိုအသိမပေးဘူးလေ ပြီးတော့ ရုတ်တရက်ကြီး မထင်ထားတဲ့ jinne နဲ့ဆိုတော့"
NamJoon ပြောစရာစကားရှိမနေခဲ့ ငယ်ငယ်ကတည်းက စိတ်ဒဏ်ရာတွေရှိနေပြီး အထီးကျန်ဆန်သည့်ညီမငယ်ကို ထပ်ပြီး နာကျင်စေမိသောကြောင့်။
အမြဲပစ်ထားမိသလိုဖြစ်တဲ့ yoonie ကိုရှေ့လျှောက်သူဂရုစိုက်ပေးချင်သည်။လူ့ဘဝတွင် ငယ်ရွယ်လွန်းသော ညီမငယ်နှင့် နှစ်ယောက်တည်းထားခဲ့ကြသော မိဘများကိုလည်း လွန်ခဲ့သောငါးနှစ်ကလို အပြစ်မတင်ချင်မိ။
NamJoon သူမအနားသွားပြီး ခန္ဓာကိုယ်ပြည့်ပြည့်လေးကို ဆွဲဖက်လိုက်သည်။
"ကိုကိုတောင်းပန်ပါတယ်"
"yoonie လည်း ကိုကို့ကို မမုန်းပါဘူး"
ရင်ခွင်ထဲခေါင်းတိုးဝင်လာပြီး ရေခဲမုန့်ကို ကော်စားနေပြန်သည်။သူမလေးသည် ဖယောင်းပန်းလို နူးညံ့သော အသက်အရွယ်ဖြစ်သည်။
"ကိုကို ဒါဆိုရင် jinne နဲ့ ဘယ်လိုဖြစ်ပြီ ဒီလိုအခြေအနေဖြစ်နေရတာလည်း လွန်ခဲ့တဲ့ငါးနှစ်ဆိုတော့ yoonie လည်း UK မသွားသေးပါဘူး ပြီးတော့ ကိုကိုက ချစ်တယ်ဆိုပြီး ဘာလို့ jinne ကိုမပြောရတာလည်း"
"မသိချင်နဲ့"
ရင်ခွင်ထဲမှခေါင်းမော့ကာ ဆက်တိုက်မေးလာသည့် yoonie ကို အပြတ်ငြင်းသည်။
သူမ မသိသင့်သည့်အရာများဖြစ်တာကြောင့်။
YOU ARE READING
Señorita {NamJin} Completed!!!
FanfictionKimNamJoon X KimSeokJin Your smell can almost make me crazy bae ~ Mature on ! More than three mature scenes will contain ! I've already given you warning !