'Him' ရိုက်ကွင်းသို့ရုတ်တရက်ရောက်လာသော ဥက္ကဌကြောင့် အားလုံးသတိနှင့်နေကြရသည်။
ဥက္ကဌက လက်ကြောမတင်းသည့် အလုပ်သမားများအား ချက်ချင်း အလုပ်ထုတ်တတ်သည်ဟူသော သတင်းတစ်ခုကြောင့်။Jane ဆိုသောသူက ဘယ်လိုမှမနေပါမယ့် SeokJin ကတော့ဇာတ်ညွှန်းရေးဆရာကိုသာ မေတ္တာပို့နေမိသည်။
first scene မှာ kiss scene ထည့်ထားတာ ဘယ်လိုတောင် နေရခက်နေမှုကြီးလည်း။ပိုဆိုးသည်မှာ Joon အရှေ့တွင် အခြားသူတစ်ယောက်နှင့် နမ်းရမည်ဆိုသည်က သူ့အတွက်ပိုမိုရင်ဖိုစေပါသည်။
ထိုင်ခုံပေါ်တွင် ခပ်လျှောလျှောထိုင်၍ director နှင့်စကားပြောနေသော Joon ကိုချောင်းကြည့်မိတော့ ဇာတ်ညွှန်းစာရွက်ကိုင်ထားသော လက်တွေ တုန်ယင်လာကြသည်။"ကဲ စကြရအောင်"
အချက်ပေးလိုက်သော director ကြောင့် designer များသည် character များအားအပြင်အဆင်များကို ပြင်ဆင်ဝတ်ပေးကြသည်။
ရှုတ်ရှပ်ခတ်သွားသော လူများအကြား NamJoon အလှလေး၏ မျက်ဝန်းကိုရှာယူသည်။မျက်လုံးချင်းဆုံမိတော့ မျက်လွှာချသွားသော အလှလေးကြောင့် NamJoon မဲ့ပြုံးပြုံးသည်။
kiss scene ရိုက်မည့်အလှလေး၏ ပုံရိပ်ကို တိုက်ရိုက်မြင်ချင်မိသောကြောင့် အလုပ်မရှိသည်နှင့်တိုက်ဆိုင်ကာ သူလာမိခြင်း။"ကဲ Jane နဲ့ Jinအဆင်သင့်ဖြစ်ပြီလား"
"ဟုတ်"
Janeရော SeokJinပါ သတ်မှတ်ထာသော အုတ်နံရံနံဘေးသို့ရောက်လာကြသည်။
ဘေးပတ်ဝန်းကျင်တွင်တော့ မီးထိုးပေးနေသူများရှိသလို ကင်မရာကိုင်ဆိုင်ထားသောသူများလည်း ရှိနေသည်။director နဲ့ ဥက္ကဌကတော့ သူတို့ရှေ့တည့်တည့်တွင်ရှိသော Tv ရှေ့တွင်ကျကျနနထိုင်လျက်။
ဇာတ်ညွှန်းအရ Jane သည် SeokJin ၏ ခါးသွယ်သွယ်အားဆွဲဖက်လိုက်တော့ SeokJin ခပ်စူးစူးပြန်ကြည့်ပြီး အကျီ င်္စကိုဆုပ်ကိုင်သည်။
YOU ARE READING
Señorita {NamJin} Completed!!!
FanfictionKimNamJoon X KimSeokJin Your smell can almost make me crazy bae ~ Mature on ! More than three mature scenes will contain ! I've already given you warning !