|black|

861 117 13
                                    

Zawgyi~

စံ​အိမ်​၏ပန်းခြံကျယ်​အတွင်းမီးတိုင်​​များ၏အလင်းနှင့်​ ညလမင်း၏အလင်း​ရောင်​သည်​ယှက်​​ရောလို့​နေ၏။
မီးတိုင်​များတွင်​ ပန်းခက်​များဖြင့်​အလှဆင်​ထားတာ​ကြောင့်​ နန်းတွင်းဥယာဉ်​ခြံတစ်​ခုကဲ့သို့ ခန်းနားသည်​။

လူငယ်​ဆန်​ဆန်​ဝတ်​ဆင်​ထားကာ စန္ဒရားတီး​နေ​သော Joonကို ခပ်​လှမ်းလှမ်းရှိထိုင်​ခုံ​ပေါ်မှSeokJinမှင်​သက်​စွာ​ငေးကြည့်​​နေမိသည်​။
သံစဉ်​များအ​ပေါ်အာရုံစိုက်​​နေ​သောJoonရဲ့အသွင်​သည်​ သူ့နှလုံးသား၏နတ်​ဘုရားတစ်​ပါးနှင့်​ဆင်​တူ​သည်​။

Joon၏မျက်​နှာ​ချော​ချောသည်​ တစ်​စုံတစ်​ရာအ​ပေါ်အာရုံစိုက်​​နေသည့်​အချိန်​များတွင်​ဆိုလျှင်​ သူသိပ်​မြတ်​နိုးရပါသည်​။
မြတ်​နိုးမိခြင်းကို ချစ်​မိသည်​ဟုဆိုရမည်​လား။သေချာသည်​က​တော့ Joonသည်​ သူ့ဘဝဖြစ်​​နေပါသည်​။

သံစဉ်​ဆုံးသွားသည့်​အချိန်​​ရောက်​သည်​အထိ Joonထံတွင်​စီး​မြော​နေ​သေးသည်​။Joonသည်​ SeokJinအနားသို့ထလာပြီး သူ့အ​ရှေ့တွင်​ဒူး​ထောက်​ထိုင်​ချလာ၏။

SeokJinလန့်​သွားပြီး ထိုင်​ခုံ​ပေါ်တွင်​ထိုင်​​နေရာမှမတ်​တပ်​ရပ်​လိုက်​မိသည်​။Joon၏မျက်​ဝန်းများသည်​ညမီးမှိန်​မှိန်​​အောက်​တွင်​ အရည်​လဲ့​နေသလိုခံစားရသည်​။

"ကိုယ့်​ကိုလက်​ထပ်​ပါbae"

လက်​ဖဝါးကျယ်​ကျယ်​ထဲမှအညို​ရောင်​​ရွှေစ​လေးများနှင့်​ဘူးကို
လက်​​ချောင်းသွယ်​သွယ်​တို့နှင့်​ဖွင့်​လှပ်​​သော အခါအ​ရောင်​​တောက်​စွာထွက်​​ပေါ်လာ​သော အဖိုးတန်​လွန်းပါ​သော စိန်​လက်​စွပ်​ငယ်​။

တစ်​ပြိုင်​တည်းထွက်​​ပေါ်လာ​သော​လေသံသြရှရှ​ကြောင့်​ SeokJinမျက်​ဝန်း​လေးအတွင်းမှ အရည်​ကြည်​​လေးများကျဆင်းလာရသည်​။

မည်​သို့ပြန်​​ပြောရမည်​ကိုပင်​မနားလည်​​တော့သည်​အထိ လက်​ဖျားများ​အေးစက်​ပြီး hoodie ပန်း​ရောင်​​လေးကိုဆုပ်​ကိုင်​ထားရသည်​။

Señorita {NamJin} Completed!!!Where stories live. Discover now