Zawgyi~
media ပေါင်းစုံ၏ cemera များစွာအတွင်းနေရာယူထားကြသော ပုံရိပ်ကလေးများတိုင်းဟာ အဖိုးတန်နေလွန်း၏။
Ballroom အတွင်းတွင် SeokJinသည် Joon၏လက်မောင်းအားတွဲခိုရင်း ခေါ်သွားရာနေရာတိုင်းကို လိုက်နေမိ၏။တစ်ချက်တစ်ချက်ပင်ပန်းလာသည့်အချိန်များတွင်တော့ Joon၏မျက်နှာချောချောကို မော့ကြည့်မိသေးသည်။
ထိုအချိန်များတွင် Joonဟာလည်း အနွေးထွေးဆုံးပြုံးပြလာတတ်သေး၏။တစ်ခါမှမရင်းနီးခဲ့ဖူးသော Joon၏နွေးထွေးသောအပြုအမူများကို သူသိပ်ချစ်မိသည်။မည်သည့်အချိန်ကတည်းကဖြစ်တည်နေမှန်းမသိပေမယ့် ထိုခံစားချက်များကို သူမြတ်နိုးနေမိသည်။
"ပင်ပန်းနေပြီလား bae"
"အဆင်ပြေပါတယ် Joon"
ပါးလေးနှစ်ဖက်ကိုအုပ်ကိုင်ရင်း နဖူးလေးကိုဖိနမ်းရင်းမေးလာသော Joonကြောင့် SeokJin မျက်လုံးလေးမှိတ်ပြီး ခေါင်းခါပြမိသည်။
"တစ်ခုခုစားချင်လား မနက်ကတည်းက ရေရေရာရာစားတာမတွေ့ဘူး bae"
"bae ဗိုက်မဆာပါဘူး Joon"
စူးရှသောမျက်ဝန်းများအား စုံကြည့်ကာပြောလိုက်တော့ လက်ချောင်းချင်းယှက်ကိုင်ကာ ပြုံးပြလာပြန်၏။
မသိသာသော်လည်း သူJoon၏ရင်ခွင်အတွင်း မှီခိုမိသည်။
နွေးထွေးပြီး ကျယ်ပြန့်လွန်းသောကြောင့်ဖြစ်သည်။Ball room အပြင်သို့ body guard များခြံရံပြီးထွက်လာစဉ် media များဟာအပြေးအလွှားရောက်လာကြသည်။ခါးကိုဖက်ထားသော Joon၏လက်များသည် ပိုမိုတင်းကျပ်လာ၏။
"ဥက္ကဌKim လက်ထပ်ပွဲက ညီမဖြစ်သူဆုံးပါးသွားတာမကြာသေးခင်မှာပဲ ကျင်းပတာဖြစ်တဲ့အတွက် ပြင်ဆင်မှုတွေနဲ့ပတ်သက်ပြီး အချိန်ယူခဲ့ရလား"
"Yoonie က Yoonie ပါပဲ လက်ထပ်ပွဲက လက်ထပ်ပွဲပါပဲ လုံးဝမဆိုင်ပါဘူး"
YOU ARE READING
Señorita {NamJin} Completed!!!
FanficKimNamJoon X KimSeokJin Your smell can almost make me crazy bae ~ Mature on ! More than three mature scenes will contain ! I've already given you warning !