Zawgyi~
လက်ထပ်ပွဲပြီးကတည်း ထွက်သွားသော Joonသည် ညဆယ်နာရီထိုးအထိအိမ်ပြန်မလာသေး။
ယခုအချိန် Kimအိမ်တော်ကြီးအတွင်း SeokJinအပြင် အိမ်စေအနည်းငယ်သာရှိ၏။အပေါ်ပိုင်းအကျီ င်္အပွကြီးကြီးတစ်ထည်ကိုပေါင်ဖုံးသည်အထိဝတ်ထားသော SeokJinသည် ဧည့်ခန်းအတွင်းရှိ sofaအပေါ်တွင်ထိုင်ကာ Joonကိုထိုင်စောင့်နေသည်။
အကျီ င်္ကြီးအတွင်းမြုပ်နေသော SeokJinသည် ပေါင်တံဖွေးဖွေးလေးများပေါ်နေပြီး လည်ပင်းရိုးများဟာလည်း ထင်းနေသေးသည်။ပန်းရောင်သန်းနေသော မျက်နှာဖွေးဖွေးလေးပေါ်တွင် အုပ်ကျနေသော ဆံပင်များလည်းရှိ၏။
စာအုပ်ဖတ်နေရင်း အိပ်ချင်လာသောကြောင့် တိုင်ကပ်နာရီကိုလှန်းကြည့်မိတော့ ဆယ်နာရီကျော်နေလေပြီ။
စားပွဲအပေါ်တွင်တင်ထားသော ဖုန်းကိုဆွဲယူပြီးအလွတ်ရနေသောနံပါတ်ကိုရိုက်ထည့်လိုက်သော်လည်း သတ္တိမရှိစွာ ဖုန်းကိုပြန်ပိတ်သည်။Joonကတစ်မျိုးထင်သွားမှာကိုလည်း သူသိပ်ကြောက်သည်။တစ်နေကုန်အစာမစားသေးဘဲ Joonကိုစောင့်နေခဲ့သည်မို့ ထိုးအောင့်လာသော ဗိုက်သားလေးကို လက်လေးနဲ့ဖိကာ ခပ်တိုးတိုးညည်းမိသည်။
ထိုအချိန် ခြံအရှေ့မှကားသံကိုကြားလိုက်ရသည်။
အပြင်ထွက်ကြည့်တော့ ခြံတံခါးကိုဆွဲဖွင့်ပေးနေသော ခြံစောင့်နှင့်ဝင်လာသော Joonရဲ့အနက်ရောင်ကားကို တွေ့လိုက်ရ၏။SeokJinရင်တွေတုန်လာပြီး လက်လေးနှစ်ဖက်ကိုအချင်းချင်းဆုပ်ကိုင်ထားမိသည်။အောက်နှုတ်ခမ်းလေးကိုဖိကိုက်ပြီး ကားပါကင်အနားတွင်သွားရပ်နေမိ၏။
ဒီနေ့က မင်္ဂလာဦးညလေ။
ပါကင်တွင်ထိုးလာသော ကားအတွင်းမှJoonထွက်လာတော့ သူသွားကြိုရန်ပြင်မိပေမယ့် Joonအနောက်ကပါလာသည့်
ကြည့်မကောင်းစွာ ဝတ်ဆင်ထားသည့်မိန်းကလေးတစ်ဦး။
YOU ARE READING
Señorita {NamJin} Completed!!!
FanfictionKimNamJoon X KimSeokJin Your smell can almost make me crazy bae ~ Mature on ! More than three mature scenes will contain ! I've already given you warning !