|wedding|

961 126 12
                                    

Jane ​သေဆုံးပြီးရက်​သတ္တပတ်​တစ်​ပတ်​..တစ်​နည်း လက်​ထပ်​ပွဲကျင်းပမည့်​​နေ့အထိ NamJoon သည်​SeokJin ကိုမ​တွေ့ခဲ့။

ပွဲစရန်​တစ်​နာရီခန့်​သာလို​တော့​သော​ကြောင့်​ stylistများဝိုင်းပြင်​​ပေး​နေသည့်​အချိန်​ထိတိုင်​​အောင်​ Joonကိုသူမ​တွေ့ရ​သေး။

Jane ​သေဆုံးခဲ့သည့်​ကိစ္စနှင့်​ပတ်​သက်​ပြီး Kim group ၏ဆက်​နွယ်​​နေမှုသတင်းများလည်း ကင်းရှင်းသွားခဲ့​သော​ကြောင့်​ အရာအားလုံး​ချော​ချော​မွေ့​မွေ့အဆင်​​ပြေ​နေ၏။

အခန်းအတွင်းမည်​သူမျှမရှိ​တော့သည့်​အချိန်​တွင်​​တော့ SeokJin သက်​ပြင်းချကာ လက်​ပတ်​နာရီကိုကြည့်​မိ​သေးသည်​။ဒီလိုကျ​​တော့ Joonကိုသူတကယ်​ စိတ်​ဆိုးမိ​သေးသည်​။

"SeokJin ဝတ်​စုံဝတ်​ထား​တော့​လေ ဘာလုပ်​​နေတာလည်း hair stylist ​တွေကခန​နေလာလိမ့်​မယ်​ ကြားလား"

"ဟုတ်​ကဲ့ Mommy"

ထုံးစံအတိုင်းမျက်​နှာစူပုတ်​ပုတ်​နှင့်​ suitကိုပစ်​​ပေးလာ​သော Mommyအား SeokJin​ခေါင်းငြိမ့်​ပြပြီး အဝတ်​စားလဲခန်းအတွင်းဝင်​၏။

မနက်​ကတည်းက ခံစားချက်​များဟာမ​ကောင်းချင်​။ခေါင်းကတစ်​ချက်​တစ်​ချက်​ထိုးကိုက်​ပြီး ​ခြေဖျားလက်​ဖျားများလည်း ​အေးစက်​​နေသလိုဖြစ်​​နေ၏။Joonကိုလွမ်းတာ​ကြောင့်​လည်းပါလိမ့်​မည်​။

Joon​ရွေး​ပေးထား​သော အဖြူ​ရောင်​​ဘောင်းဘီအရှည်​နှင့်​ ​အောက်​ခံshirtကိုဝတ်​ပြီး​နောက်​အပြင်​ထွက်​လာ​တော့ လူကယိုင်​ချင်​သလိုဖြစ်​သွားရ၏။

"Bae ဘယ်​လိုဖြစ်​တာလည်း"

ယိုင်​​နေ​သောကိုယ်​လုံး​လေးကို မည်​သည့်​အချိန်​ကတည်းက​ရောက်​​နေမှန်းမသိ​သော Joonက အ​နောက်​မှဆွဲ့​ပွေ့လိုက်​၏။
သူ့နည်းတူ အဖြူ​ရောင်​suitနှင့်​ ဆံပင်​ကိုလှန်​တင်​ထား​သော Joonကိုမြင်​​တော့ SeokJin ငိုချင်​စိတ်​​ပေါက်​လာသည်​။

"ရပါတယ်​ Joon"

တစ်​ပတ်​လုံးလုံးလူကိုပစ်​ထားရမလားဆိုပြီး ရင်​အုံကြီးကိုထုပြီးငိုယိုပစ်​ချင်​​​ပေမယ့်​ လက်​​တွေ့တွင်​​တော့ အနည်းငယ်​ရုန်းမိသည်​။

Señorita {NamJin} Completed!!!Where stories live. Discover now