Zawgyi~
Sofa အပေါ်တွင်ထိုင်နေသော SeokJinသည် ရိုက်ကွင်း တာဝန်ရှိသူတစ်ချို့နှင့်စကားပြောနေသော Joonအား သတိလက်လွတ်ငေးကြည့်နေမိသည်။
အကျီ င်္လက်ကိုတံတောင်အထိလှန်တင်ထားပြီး ခါးထောက်ထားသောကြောင့် တောင့်တင်းကျစ်လျစ်သောလက်ဖျံဖွေးဖွေးသည် ပေါ်လွင်လို့နေသည်။
အံကိုတင်းတင်းစိထားသောကြောင့် မေးကြောများပါထောင်နေသေးသည်။"ရိုက်ကွင်းလုံခြုံရေးက ဒီလိုအခြေအနေမှာ ထားကိုထားသင့်တယ် ရုံးချုပ်ကလုံချုပ်ရေးတွေကပါ လာရတာကတော့ ရုပ်ပျက်တယ်"
ရိုက်ကွင်းmanagerအပြင်ရိုက်ကူးရေးတာဝန်ရှိသူများအားလုံးကိုပါ ဒေါသတကြီးအော်နေသော Joonကိုကြည့်မိရင်း SeokJin ဂုတ်လေးပုဝင်သွားသည်။
Joonအခုလိုဒေါသထွက်တာကို သူပထမဆုံးမြင်တွေ့မိဖူးဖြင်းဖြစ်၏။"နောက်ဆို လုံခြုံရေးချထားပေးပါ့မယ် ဥက္ကဌ အရင်လည်းလုံခြုံရေးမထားဖူးတာမို့ ပေါ့ဆသွားမိတဲ့အတွက်တောင်းပန်ပါတယ်"
"ဒါနောက်ဆုံးအကြိမ်ပဲ ရပြီသွားတော့ secretary.Lee
Kim group ရဲ့officalမှာ artist တွေကို respectမရှိဘဲဒီလိုအဖြစ်မျိုးဆက်ဖြစ်ခဲ့ရင် တရားစွဲမှာဖြစ်တဲ့warningကိုဖြန့်လိုက်""ဟုတ်ကဲ့ပါ ဥက္ကဌ"
အခန်းအတွင်းတွင်ရိုက်ကွင်းတာဝန်ရှိသူများနှင့်secretaryပါထွက်သွားပြီးနောက် SeokJin နှင့် NamJoonသာကျန်ရှိတော့သည်။တိတ်ဆိတ်သွားသော လေထုအတွင်း NamJoonသည်စားပွဲအပေါ်တွင်တင်ထားသော ဖန်ခွက်အတွင်းမှ ရေကိုယူသောက်သည်။
NamJoonရေသောက်ပြီးအလှဆီအကြည်ပို့မိတော့ မျက်ရည်ဝေ့နေသော မျက်လုံးဝိုင်းဝိုင်းလေးများနှင့်ငိုမဲ့မဲ့လေးကြည့်နေလေသည်။ငိုထားတာကြောင့် နှာဖျားလေးကပါ ရဲတွတ်နေသေးသည်။
ထိုအလှလေးဟာလည်းသိပ်ဆိုးပါသည်။
NamJoonနှင့်အကြည့်ဆုံမိသည်နှင့် ခေါင်းလုံးလုံးလေးက အောက်ကို ငုံ့သွားသည်။
YOU ARE READING
Señorita {NamJin} Completed!!!
FanficKimNamJoon X KimSeokJin Your smell can almost make me crazy bae ~ Mature on ! More than three mature scenes will contain ! I've already given you warning !