|smell|

991 131 12
                                    

SeokJin ပွက်​ပွက်​ဆူ​နေ​သော နွားနို့အိုးကိုချပြီး ပန်းနု​ရောင်​ ခွက်​​လေးအတွင်း နွားနို့အနည်းငယ်​ကိုထည့်​သည်​။

*တီ တီ*

တိတ်​ဆိတ်​​နေ​သော ည​နေခင်း​ကို စူးရှစွာဖြိုခွင်းလိုက်​​သော ကားဟွန်းတီးသံ​ကြောင့်​ ခွက်​​လေးကိုကိုင်​ထား​သော လက်​နုနု​လေး တုန်​ခါသွားရသည်​။

"သခင်​​လေး ဥက္ကဌ အိမ်​​ရှေ့မှာ​ရောက်​​နေပါတယ်​"

"ဟမ်​"

အိမ်​​စေ​ကောင်​​လေး၏စကား​ကြောင့်​ SeokJin နွားနို့ခွက်​ကို စားပွဲ​ပေါ်ချပြီး အိမ်​အပြင်​သို့်ပြာပြာသလဲ​ပြေးထွက်​ရ​တော့သည်​။ကားအမည်းကို မှီရပ်​ပြီး လက်​ပိုက်​ထား​သော Joon သည်​ သူ့ကိုမြင်​​တော့ ပြုံးပြသည်​။

ဖိနပ်​​တောင်​မစီးလိုက်​နိုင်​​တော့..ကိုးယို့ ကားယားဖြင့်​ Joon ထံသို့​ပြေးသွားပြီး အနား​ရောက်​​တော့ နှုတ်​ခမ်းတွန့်​ရုံပြုံးပြပြီး ​ခေါင်းငြိမ့်​​နေလိုက်​သည်​။

"ဘယ်​သူနဲ့ဘာ​တွေ​ပြော​နေလို့ကိုယ့်​ ဖုန်းကိုမကိုင်​နိုင်​ရတာလည်း bae"

"ဟို Jane မဟုတ်​ bae မအားလို့"

မျက်​လုံး​လေးဝိုင်းစက်​သွားပြီး က​ဗျာကယာ​ဖြေ​နေ​သော အလှ​လေးရဲ့ စုပ်​ဖွာဖွာဆံသား​လေးကို အုပ်​ကိုင်​လိုက်​သည်​။

"Jane နဲ့က​တော်​​တော်​ရင်​နီးသွားပြီပဲ bae"

"ဒီတိုင်း သူက​ခေါ်လို့ပါ"

ခေါင်း​လေးငုပ်​ပြီး နှုတ်​ခမ်းဖူးဖူး​လေးကို လှုပ်​စိလှုပ်​စိ​ပြော​နေ​သော အလှ​လေးကိုကြည့်​ပြီး NamJoon မျက်​ခုံးများတွန့်​ချိုးသည်​။

"ညာတတ်​​နေတာပဲ bae"

"ဆူမှာ​ကြောက်​လို့ပါ ​တောင်းပန်​ပါတယ်​"

မျက်​​တောင်​ကိုပုတ်​ခပ်​ပုတ်​ခပ်​​ပြောလာပြန်​​သောအလှ​လေး၏ ဆံသားများကိုသပ်​တင်​​ပေးရင်း ရိုက်​ကွင်းကတည်းက မလဲရ​သေး​သော​အကျီ င်္​လေးနှင့်​ ကိုယ်​လုံး​လေးကို ဆွဲ​ပွေ့သည်​။

Señorita {NamJin} Completed!!!Where stories live. Discover now