|señorita|

2.1K 169 31
                                    

Zawgyi~

After five years~~

"KimSeokJin KimSeokJin KimSeokJin"

Stage ​အောက်က fanများ၏​အော်​ဟစ်​အား​ပေးသံများသည်​ ပတ်​ဝန်းကျင်​တစ်​ခုလုံးတွင်​ဟိန်းထွက်​​နေ​လေသည်​။

"အာ ကျွန်​​တော့် fan​လေး​တွေကို showတစ်​ခုပြီးတိုင်းလွမ်း​နေခဲ့တာ သိရဲ့လား"

"Nae!!!!"

အလှပဆုံးပုံရိပ်​​လေးများသည်​ idolနဲ့ fanများအတူတည်​ရှိ​နေပြီး အနုပညာများအား အလှပဆုံး​ပေါ်​ဖော်​​နေရ​သော အချိန်​များပင်​ဖြစ်​၏။

ပြုံးရိပ်​သန်း​နေ​သောSeokJinသည်​ stage​အောက်​မှ ​မြောက်​မြားစွာ​သော fanများအား မြတ်​နိုးစွာ​ငေးကြည့်​​နေမိသည်​။ယောက်ျားချင်းလက်​ထပ်​ခဲ့တဲ့သူ့ဘက်​မှဆက်​လက်​တည်​ရှိ​နေကြသည်​မှာ သိပ်​အဖိုးတန်​​နေလွန်း၏။

ငါးနှစ်​တာ ​ထိပ်တန်း​အောင်​မြင်​မှုများရရှိခဲ့ခြင်းသည်​ Joonနှင့်​ fan​လေးများ​ကြောင့်​သာဖြစ်​​ပေ၏။

အလှပဆုံးထိုအခိုက်​အတန့်​​လေးများအား အဝ​ငေးကြည့်​ပြီး​နောက်​ stage အ​ပေါ်မှဆင်းလာ​သော သူ့မျက်​နှာ​ချော​ချောတွင်​ အပြုံးနုနု​လေးများတွဲခို​နေခဲ့သည်​။

#

အိမ်​​လေသာ​ဆောင်​တွင်​​ကျော​ပေးရပ်​ထား​သော Joonသည်​တစ်​စုံတစ်​​ယောက်​နှင့်​ဖုန်း​ပြော​နေ၏။ရယ်​လွန်းလို့ ​ကျောများပင်​လှုပ်​လှုပ်​သွားတာကို SeokJinမြင်​သည်​။

"Joon ​ရေ bae ပြန်​​ရောက်​ပြီ ပင်​ပန်းလာတယ်​"

"Bae ခန​လေး"

ဖုန်း​ပြော​နေ​သော Joon ကိုသူဂရုမစိုက်​ဘဲ​ကျောပြင်​ကျယ်​ကြီးကို နင့်​​နေ​အောင်​ဖက်​ထားပြီး ပခုံးအ​ပေါ်​ခေါင်း​လေးတင်​ထားလိုက်​သည်​။

ဖုန်းထဲမှအသံကိုလည်းနားစွင့်​​နေလိုက်​​သေးသည်။သေချာတာက​တော့ မိန်းက​လေးတစ်​​ယောက်​အသံပဲ။Joonရဲနားဖျားကို ​ခြေဖျား​ထောက်​ပြီးလှမ်းကိုက်​လိုက်​ကာ လက်​သွယ်​သွယ်​များသည်​ အ​ပေါ်ဝတ်​coatအတွင်းလျှိုဝင်​​နေ​သေးသည်​။

Señorita {NamJin} Completed!!!Where stories live. Discover now