"Oppa Yoonie ကိုမှတ်မိလားဟင်"
သူ့ရဲ့မျက်နှာချင်ဆိုင်တွင် လက်မှတ်ထိုးရန် single album ကိုရှေ့သို့ထိုးပေးပြီး ခုံပေါ်တွင် ငါးမိနစ်ခန့် မေးထောက်ကာ ပြောလာတဲ့ ကောင်မလေးကြောင့် SeokJin လက်မှတ်ထိုးနေရာမှ မော့ကြည့်မိသည်။
"အာ ဥက္ကဌရဲ့ ညီမလေးလား "
"Nae နောက်လည်းတွေ့ချင်သေးတယ် ဘယ်လိုလုပ်ရမလည်း"
"ကျေးဇူးတင်ပါတယ်ဗျ"
နောက်ထပ်အလှည့်ကျကောင်မလေးရောက်လာပြီမို့ JiYoonie မထွက်သွားချင်ထွက်သွားချင်နှင့် စူပုပ်သိုးပြီးထွက်သွားသည်။
SeokJin ကတော့ JiYoonie ကိုကြည့်ပြီးပြုံးမိသေးသည်။
Joon လိုပဲ ပါးချိုင့်လေးတွေနဲ့။စုစုပေါင်းကြာချိန် နှစ်နာရီနှင့် ခုနစ်မိနစ်ကြာပြီးနောက် fan sign ပွဲပြီးသွားသည်။
SeokJin လည်းနုံးခွေနေပြီဖြစ်သည်။
ပွဲပြီးသည်နှင့် ဝိုင်းအုံလာသော camera man များကို SeokJin လက်မထောင်ပြုံးပြပြီး မတ်တပ်ရပ်သည်။ရုတ်တရက်ထမိတာမို့ ခါးအောက်ပိုင်းက နာကျင်လာ၍ မထနိုင်ဘဲ ယိုင်လဲတော့ fan တွေရဲ့ စိုးရိမ်တကြီး ဝိုင်းအော်သံတွေထွက်လာသည်။
ဘေးနားမှ stylist တွေကူတွဲပေးမှ SeokJin အားယူကာ မတ်တပ်ရပ်ပြီး fan တွေအား အဆင်ပြေကြောင်း Ok sign ထောင်ပြကာ fly kiss ပေးသည်။ထိုအခါမှ တစ်ဖန် အားပေးသံတို့ဖြင့် ဖုံးလွှမ်းသွားပြန်သည်။
ခက်ခဲသည်။သို့သော်...fan တွေမရိပ်မိနိုင်စေရန် နေထိုင်ရမည်။#
Joon က စံအိမ်ကိုလာရန် phone ဆက်လာတာမို့ SeokJin ပြိုင်ကားအနီကို ကိုယ်တိုင်မောင်းပြီး fan sign မှတစ်ဆင့် စံအိမ်သို့ တန်းပြန်လာခဲ့သည်။
စံအိမ်ရဲ့အုတ်တံတိုင်းရှေ့တွင်ကားကိုရပ်ပြီး အံဆွဲအတွင်းမှmask နှင့်မျက်မှန်ကိုထုတ်တပ်ပြီး အခြေအနေကြည့်ပြီးမှ စံအိမ်အတွင်း တိတ်ဆိတ်စွာ ဝင်သွားရသည်။
အချိန်အားဖြင့် ညနေစောင်းအချိန်မို့ သတင်းယူချင်သူများက နေရာတိုင်းတွင်အပြည့်မို့ သတိထားရမည်။
YOU ARE READING
Señorita {NamJin} Completed!!!
FanficKimNamJoon X KimSeokJin Your smell can almost make me crazy bae ~ Mature on ! More than three mature scenes will contain ! I've already given you warning !