Chapter 1 💙

4.1K 107 4
                                    

Unicode

ကျွန်တော်ကယောက်ျားတစ်ယောက်ကိုယူရမှာလားမဖြစ်နိုင်တာ ကျွန်တော်ကယောက်ျားတစ်ယောက်လေ နောက်ထပ်ယောက်ျားတစ်ယောက်ကိုချစ်နိုင်ပါ့မလား
(Mew Suppasit)

ကျွန်တော်ခင်ဗျားကိုမရ ရအောင်ကိုယူမှာ ဟုတ်တယ် ခင်ဗျားမချစ်နိုင်မှန်းသိလို့ကို ပိုလိုချင်တာ သိတယ်မလားလူတွေက မကြိုက်တာမျိုးဆိုပိုလုပ်ချင်တတ်ကြတာလေ (Gulf Kanawut)

...................

အတန်းချိန်ပြီးတာနဲ့Gulfတစ်ယောက်တက်သုတ်ရိုက်ပြီးတခြားအဆောင်ကို ခပ်သွက်သွက်ခြေလှမ်းတွေနဲ့ ထွက်လာခဲ့
လိုက်တယ် ကျောင်းစာသင်ချိန်တောင်စိတ်၀င်တစားမရှိတဲ့ Gulf တစ်ယောက်
အခုတ​ေလာ ဂီတအဆောင်ဘက်ကိုခဏခဏ သွားနေလို့ Mildတို့သူငယ်ချင်းတွေတောင် ဒီကောင်ဘာဖြစ်နေတာလဲဆိုပြီး မေးယူရတဲ့အထိဖြစ်လာတယ်

"Gulf ဟေ့ရောင် ဘယ်လဲ ကန်တင်းမသွားဘူးလား"

"မလိုက်တော့ဘူး Mild ငါအတန်းတက်စရာရှိသေးတယ်"

"ဘယ်အတန်းလဲ အတန်းကအခုလေးတင်မှပြီးတာလေ ဟေ့ရောင် Gulf ဟေ့ရောင်"

Mild ရဲ့အမေးကိုတောင်ပြန်မဖြေပဲ လက်တခါခါပြရင်းထွက်သွားတဲ့ Gulf ကိုကြည့်ပြီး Mild နားမလည်စွာနဲ့အူကြောင်ကြောင်ကျန်ခဲ့တယ်

>>>>>>>>>>>><<<<<<<<<<<

Gulf စာသင်ခန်းရဲ့နောက်တံခါးကနေ၀င်လိုက်တာနဲ့ စန္ဒယားအသံနားထဲတန်း၀င်လာတာမို့အတန်းစနေပြီဆိုတာသိလိုက်တယ်
အတန်းရဲ့နောက်ဆုံးနေရာလေးမှာထိုင်မယ်ကြံသေး ရုတ်တရက်စန္ဒယားသံရပ်သွားမို့ Gulf လှမ်းနေတဲ့ခြေလှမ်းတွေကိုရပ်ပစ်ပြီးကြောင်ရပ်နေမိတယ်

"ဘာလာလုပ္တာလဲ"

"ဗ်ာ"

ဂီတဆရာရဲ့ရုတ်တရက်လှည့်လာပြီးမေးလိုက်တဲ့အမေးကြောင့်Gulf တစ်ယောက်ကြောင်အန်အန်နဲ့ ချက်ချင်းမဖြေနိုင်ပဲ
နေရာကတစ်လှမ်းမှမခွာပဲရပ်နေလိုက်တယ်
တစ်ခန်းလုံးရဲ့အကြည့်တွေကလဲ Gulf ဆီမွာ

"မင်းကိုမေးနေတာလေ ဘာလာလုပ်တာလဲလို့"

"ကျွန်တော်အတန်းလာတက်တာပါ ဆရာ"

We Got Married Where stories live. Discover now