EP 2 Uni

2.3K 248 2
                                    

သတ္တမိုင်း တစ်ယောက် မြူ ခိုးသွင်ကြိုက်တဲ့
နှင်းဆီပန်းအဖြူ တွေကို သေချာ လှပစွာပန်း
စည်း လေးဖြစ်အောင်ပြု လုပ်ပြီး ပန်းစည်း
ကို ကြည့်လိုက် ပြုံးလိုက်လုပ်နေသည်။
မှိုင်း ဝတ္ထု ဖတ် ရင်း ဧည့်ခန်း ထဲ သို့ဆင်း
လာသည်။ ဧည့်ခန်း ထဲမှာ ထိုင်နေတဲ့ သူမအကို
က ပန်းစည်းကို ကိုယ်တိုင်လုပ်နေတာ ကိုတွေ့
တော့ သူမ ဖတ် နေတဲ့ စာရေးဆရာမ JE Rain
ရေး ထား တဲ့ Don't stop believing စာအုပ်
ကို ပိတ်ကာသူမအကို ကိုကြည့်ရင်း လှမ်းမေးလိုက်သည်။

"ဆိုတော့..ဒီပန်းစည်းက မြူ ခိုးသွင် ဆိုတဲ့
ကောင်မလေး အတွက်လား.."

သူမ အကိုက နှင်းဆီပန်းအဖြူ ကိုငုံ့နမ်းရင်း
ပြုံးကာ...

"ဘယ်လိုသိလည်း.."

"အကို့လက်နဲ့သေချာလုပ်ပေးနေတာဆိုတော့
အဲ့ကလေးမအတွက်ဘဲနေမှာပေါ့.."

"HaHa..ဘယ် နှယ့် ကလေးမလည်း..သွင်
နဲ့ အကိုတို့ အသက်က အဲ့လောက် မကွာ
ပါဘူး.."

"ကွာပါတယ်..သုံးနှစ်လောက် ကွာနေတဲ့ကိစ္စကို..
မသိဘူးနော်..ညီမထပ်ငယ်ရင် ကလေးလေးဘဲ.."

သတ္တမိုင်း က သူ့ ညီမ စကားကြောင့်ရယ်ကာ
ခေါင်းတခါခါနှင့် ပြီးနောက် ပန်းစည်း ကိုယူ
ကာ company သွားရန်ပြင်လိုက်သည်။
သတ္တမိုင်းဟာသူ့ company ဖြစ်တဲ့ The Sakura
Company ကို မဝင်သေးဘဲ မြူ ခိုးသွင် တို့ရဲ့ company ကို ဝင်လိုက်သည်။ ပန်းစည်း ကို
ယူ ကာ မြူ ခိုးသွင် ရဲ့ ရုံးတံခါး ကိုခေါက်လိုက်
တော့ "ဝင်ခဲ့ပါ " ဟူသော အသံချို ချို လေးကို
ကြားလိုက်ရသည်။ သတ္တမိုင်း တံခါး ကိုအသာ
လေး ဖွင့်ကာ အထဲ ဝင်သွားတော့ မြူ ခိုးသွင် က
အလုပ်ခုံမှာ စာရင်းတွေ စစ်ရင်း သူဝင်လာတော့
တချက်သာ မော့ ကြည့်ပြီး ခေါင်းပြန် ငုံ့သွား
သည်။

"ဘာကိစ္စ လည်း အကို သတ္တမိုင်း ရှင့်.."

စာရွက်စာတမ်း တွေကို ကြည့်ရင်း သတ္တမိုင်း ကို
မေးလိုက်သည်။ သတ္တ မိုင်း က နှင်းဆီ အဖြူ တွေ
ကို သူမ စားပွဲပေါ်တင်ပေးလိုက်ပြီး...

"ကိုယ့်ကို မိုင် လို့ခေါ်ပါ ဆိုနေ.. သွင် ကလည်း.."

"ဟုတ်ပါပြီ..ဒါနဲ့ The golden company က
လုပ်တဲ့ ပွဲ သွားမှာလား ကို သတ္တ..အယ်..
မိုင်.."

ကြၽန္မရဲ႕ခ်စ္ေသာ🥀 ကျွန်မ ရဲ့ ချစ်သော 🥀(Completed) Where stories live. Discover now