EP7 Uni

2.1K 239 8
                                    

မှိုင်းရုံးသွားဖို့အဝတ်အစားလဲနေရင်း နက်ကတိုင်
ကို သေချာပြင်နေကာ မနေ့ညက ရသော့်
စကားကိုပြန်ကြားယောင်လာသည်။

ခေတ်ရသော် ရဲ့စကားကိုပြန်ကြားယောင်
ပြီး မှိုင်း ဒေါသထွက်လာတာကြောင့်သူမ
ရှေ့က ကိုယ်လုံးပေါ် မှန်မှာထင်ဟက်နေ
တဲ့ သူမအကိုနဲ့တစ်ပုံစံထဲတူတဲ့သူမရဲ့
ပုံရိပ်ကို လက်သီးနဲ့ထိုးချလိုက်သည်။

"ခွမ်း!!"

ခွမ်းဆိုတဲ့အသံနဲ့အတူ ကိုယ်လုံးပေါ်
မှန်ဟာ ကွဲအက်သွားပြီး မှိုင်းရဲ့ ညာလက်
နုနု လေးမှာ သွေးတွေဟာ စီးကျ လျှက်ပင်။

မှိုင်းလက်ကို ဆေးမထည့်ဘာမထည့်နဲ့
မနက်စာပင်မစားဘဲ အဝတ်အစားလဲ
ကာ အိမ်မှ ရုံးသို့သွားလိုက်သည်။
ရုံးကို ရောက်တော့ တစ်ရုံးလုံးကလူတွေ
ဟာ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထား
ပြီးသွေးတွေတစ်စက်တစ်စက်ကျနေတဲ့
မှိုင်းရဲ့ညာလက်ကိုကြည့်ပြီး လန့်ဖြန့်နေ
ကြသည်။

မှိုင်း သူမ ရဲ့ ရုံးခန်းထဲ ဝင်မလို့
တံခါးအဖွင့်

"ရှင့်လက်ကဘာဖြစ်တာလဲ.."

အသံပိုင်ရှင်ဟာဘယ်သူ ဆိုတာမှိုင်း
သိသည်။သူဟာ သတ္တမိုင်း နဲ့ စေ့စပ်
ထားတဲ့ မိန်းကလေး မြူ ခိုးသွင်....
မှိုင်း သူမ ဘက်သို့ လှည့်လိုက်ပြီး

"မင်းက စောစာစီးစီး ဘာကိစ္စလဲ မြူ "

မြူ ဟာ မှိုင်းရဲ့စကားကြောင့်သူမလက်
ထဲပါလာတဲ့ဖိုင်တွဲကိုထောင်ပြရင်း

"အလုပ်ကိစ္စ ပေါ့ အားယားတိုင်းလာနေ
တာမဟုတ်ဘူး "

ဘာ့ကြောင့်မှန်းမသိ ပေ မယ့် မှိုင်းပြော
လိုက်လို့ဆူပုတ်ပုတ်နဲ့ပြန်ပြောတဲ့သူမ
မျက်နာကြောင့် လက်နာနေတဲ့ကြားက
ပြုံးလိုက် မိသည်။

"လာပါ..ရုံးခန်း ထဲမှာပြောကြတာပေါ့.."

မှိုင်း သူမကို ပြောရင်း တံခါးဖွင့်ပေးကာ
သူမကိုရုံးခန်းထဲဝင်ဖို့ပြောတော့သူမကမဝင်
သေးဘဲ မှိုင်းရဲ့အတွင်း​ရေးမှူးကိုခေါ်ကာ..

"အကျော့ရေ ဆေးဘူး ယူပြီး လာခဲ့ပါဦး.."

သူမက ထိုသို့ မှိုင်းရဲ့အတွင်း​ရေးမှူး
ကျော့ရှင်း ကို မှာပြီးမှ ရုံးခန်းထဲ ဝင်
သည်။ ရုံးခန်းထဲ ရောက်တော့ ဆိုဖာ
မှာထိုင်ကာ စားပွဲပေါ်တင်ထားတဲ့ ရေ
သန့်ဘူး ကို ဖွင့်လိုက်ပြီး

ကြၽန္မရဲ႕ခ်စ္ေသာ🥀 ကျွန်မ ရဲ့ ချစ်သော 🥀(Completed) Nơi câu chuyện tồn tại. Hãy khám phá bây giờ