EP 3 Zawgyi

1.2K 89 2
                                    

ဆေးရုံခန်းမဟုတ်တဲ့ဆေးရုံခန်းလိုပြင်ဆင်
ထားတဲ့အခန်းမှာ အောက်စီဂျင် ပိုက် နဲ့
ခေါင်း၌ပတ်တီးအဖွေးသားနဲ့ ယောက်ျား
လေးတစ်ယောက်..ထိုယောက်ျား လေးဟာ
သတ္တမိုင်း....သတ္တမိုင်း ရဲ့ ဘယ်ဘက်မှာ
ဦးသီဟစိုင်း က မတ်တပ်ရပ်ရင်း မျက်ရည်
ကျကာ........

"သားရယ်... Company ကိုတော့ ရိုးရိုးကား
တိုက်တယ်လို့ဘဲ သတင်းလွှင့်ထားတယ်.."

မူရာမှိုင်း ဟာ ကုတင်ထပ်မှာ သတိလစ် မေ့
မျော နေတဲ့ သူမ အကိုရဲ့ညာဘက်လက်ကို
ဆုပ်ကိုင်ရင်း.....

"ဘယ်သူကများ...ဘယ်သူကများ အကို့ကို
ဒီလိုလုပ်ရတာလဲ.."

မှိုင်းသူမ အကို လက်ကို ကိုင်ရင်းပြော
လိုက်တော့ ဦးသီဟစိုင်း က...

"ညီအတ္တ လုပ်တာဘဲ သမီး.. The golden company ပိုင်ရှင်သားဘဲ..သူတို့က ဒယ်ဒီတို့
အခု ရ ထားတဲ့ project ကို လိုချင်နေကြတာ"

"တော်တော် ယုတ်မာ တဲ့ လုပ်ရပ်ဘဲ..ဒါနဲ့
ဒယ်ဒီ..အခုလို ကိုကြီး သတ္တ ကို အိမ်ရဲ့
လျှို့ ဝှက်ခန်းမှာ ထားတာ အကို့ကျန်းမာရေး
အတွက် စိတ်ချရပါ့မလား.."

ဦးသီဟစိုင်း က သက်ပြင်းချ ရင်း......

"စိတ်ချလို့ရတယ်..သမီးမှိုင်း...ဒယ်ဒီတို့ သားမိုင်
ကို အပြင်မှာ ထားတာထပ်ပိုစိတ်ချရတယ်..
ဒီအခန်းရဲ့ လျှို့ ဝှက်ချက်ကိုလည်း မိသားစုဝင်
နဲ့ ဒယ်ဒီတို့ ရဲ့ မိသားစု ဆရာဝန် ဘဲ သိတာ
အပြင်မှာ ထားရင် သားမိုင် အသက်အတွက်
စိတ်ချလို့ရမယ်လို့ ဒယ်ဒီ မထင်ဘူး.."

မှိုင်းဟာ သူမ အဖေစကားကို နားလည်စွာ
ခေါင်းညိမ့် လိုက်ပြီး ပတ်တီး စည်း ထား
တဲ့ သူမ အကိုရဲ့ နဖူး ကိုငုံ့နမ်းလိုက်ပြီး...

"မြန်မြန် သတိရလာရမယ်နော်..."

ဦးသီဟစိုင်း ဟာ မှိုင်းရဲ့ အနားသို့ လာပြီးမှိုင်း
ရဲ့ လက်မောင်းကို ကိုင်ကာ...

"သမီးမှိုင်း...ဒယ်ဒီ သမီးကို တောင်းဆိုစရာ
ရှိတယ်ကွယ်..."

သူမ အဖေ ရဲ့ တောင်းဆိုစရာရှိတယ် ဆိုတဲ့
စကားကြောင့် မှိုင်း ရင်ထဲ ထိတ်ခနဲ ဖြစ်
သွားသည်။ ထို့နောက် မှိုင်း နဲ့ ဦးသီဟစိုင်း
တို့ ဧည့်ခန်း မှာ ဘေးချင်းကပ်ရပ် ထိုင်လိုက်
ကြသည်။ ဦးသီဟစိုင်း ဟာ မှိုင်းရဲ့လက်
နှစ်ဖက် ကို ဆုပ်ကိုင်ရင်း........


ကျွန်မရဲ့ချစ်သော🥀 ကျွန်မ ရဲ့ ချစ်သော 🥀(Completed) Where stories live. Discover now