EP 21 Zawgyi

994 87 2
                                    



"မှိုင်း..."

မြူ ခိုးသွင် မှိုင်းရဲ့ပုခုံးကိုကိုင်ရင်းခေါ်လိုက်တော့
မှိုင်းကလှည့်ကြည့်လာသည်။ မြူ့ ကိုတစ်ချက်
သာကြည့်ပြီးပြန်လှည့်သွားကာ

"ပြန်ရောက်ပြီလား..နားတော့လေပင်ပန်းလာ
မှာပေါ့.."

မှိုင်းပြောရင်းခုံမှထလိုက်တော့ သူမက မှိုင်းရဲ့လက်
ကိုပြန်ဆွဲချကာထိုင်စေပြီး

"စိတ်ဆိုးနေပြန်တာလား.."

မြူ မေးလိုက်တော့သူမက ပြုံးရင်းခေါင်းခါသည်။
ပြုံးတယ်ဆိုတာကလည်းပြုံးတယ်ဆိုရုံလေး။သူမ
က မြူ့ ရဲ့ခေါင်းကဆံနွယ်ရှည်တွေကိုသူမလက်
နဲ့ထိုးဖွလိုက်ပြီး

"မှိုင်းနားလည်ပါတယ်..ဘာမှမဖြစ်ဘူးနားလိုက်
တော့.."

ထို့နောက် မှိုင်း ရဲ့ ခြေလှမ်း တွေကအိမ်အပြင်
ဘက်ကိုဦးတည်နေတာကြောင့် မြူ ခုံမှထကာ
မတ်တပ်ရပ် လိုက်ပြီး

"ဒါကဘယ်လည်း မှောင်လာတော့မှာကို.."

မြူ မေးလိုက်တော့အိမ်တံခါးဝရောက်နေပြီဖြစ်
တဲ့သူမခြေလှမ်းတွေဟာတုန့်ခနဲရပ်တန့်သွားပြီး

"အပြင်ခန သွားချင်လို့ ဘယ်သွားသွားအကုန်
လိုက်ပြောနေရမှာလား မြူ တောင် မြူ လုပ်ချင်တာ
လုပ်ပြီးမှ မှိုင်းကိုပေးသိတာမဟုတ်ဘူးလား.."

မှိုင်းက မြူ့ ကိုလှည့်မကြည့်ဘဲကောင်းကင်ကို
သာမော့ကြည့်ရင်း လေသံခပ်အေးအေးနှင့် မြူ့ 
ကိုပြောနေလေသည်။

"မြူ ပြောချင်တာအဲ့လိုမဟုတ်.."

"အချိန်ရှိတုန်းသွားလိုက်ဦးမယ်မမှောင်ခင်ပြန်
လာစေချင်တယ်မဟုတ်လား.."

သူမ ကထိုသို့ပြောရင်းကားဂိုထောင်ထဲသို့ဝင်
သွားကာ ကားတစ်စီး ကိုထုတ်စီးပြီးခြံအပြင်
ဘက်သို့ထွက်သွားသည်။ မြူ ကတော့သက်ပြင်း
ချရင်းသာကျန်ခဲ့တော့သည်။ ညတိုင်း ညစာအတူ
စားနေကြ ဖြစ်တဲ့ မြူ တို့ရဲ့ထမင်းစားဝိုင်းကဒီည
တော့တိတ်ဆိတ်လို့...မြူ့ ဘေးက မှိုင်းထိုင်နေ
ကြ ခုံအလွှတ်ကို မြူ ကြည့်ရင်းငိုချင်လာတာ
ကြောင့် ငိုချင်တဲ့စိတ်ကိုချုပ်တည်းကာ ရေနဲ့မျော
ချလိုက်သည်။ ရေသောက်ချပြီး ထမင်းပြန်စား
ဖို့လုပ်တော့ ထမင်းစားဇွန်းကို ကိုင်ထားတဲ့ မြူ့ 
လက်တွေဟာ တုန်ရီနေသည်။ ဝဲတတ်လာတဲ့
မျက်ရည်စကိုမျက်တောင်နဲ့အသာပုတ်ထုတ်ပစ်
ရင်း ထမင်းစားပွဲကထလိုက်တော့

ကျွန်မရဲ့ချစ်သော🥀 ကျွန်မ ရဲ့ ချစ်သော 🥀(Completed) Where stories live. Discover now