မှိုင်းတို့မနက်စာ စားပြီး ရုံးခန်းသို့အတူ
ပြန်လာကြသည်။ ရုံးခန်းရောက်တော့
မြူခိုးသွင် တို့ ရေမွှေး company နဲ့ မှိုင်း
တို့ အခုလက်ရှိလုပ်နေတဲ့ project က
လည်း ရေမွှေးနဲ့သက်ဆိုင်တာကြောင့်
မှိုင်းနဲ့ မြူ တို့ အလုပ်ကိစ္စ ကိုသေချာ
လေ့လာရင်းတိုင်ပင်နေကြသည်။ဧည့်တွေ့ ဆိုဖာ မှာ မျက်နာ ချင်း
ဆိုင်ထိုင်ရင်း မှိုင်းတို့ အလုပ်ကိစ္စ
ကိုသေချာဆွေးနွေးနေရင်း မှိုင်း မြူ့
ကိုပြစရာရှိတဲ့ စာရွက်စာတမ်း တွေ
တင်ထားတဲ့ စားပွဲ ပေါ်က စာရွက်
ကိုယူရန် မတ်တပ်ထအရပ် ခေါင်းထဲ
မိုက်ခနဲ ဖြစ်သွားသည်။ဆိုဖာမှာထိုင်နေတဲ့ မြူ လည်းချက်ချင်း
မတ်တပ်ရပ် ကာ မှိုင်း လက်မောင်းကို
ဆွဲရင်း..."အဆင်ပြေ ရဲ့လား အကိုသတ္တမိုင်း.."
"ရ..ရတယ်.."
မှိုင်းသူမကိုပြောရင်း ကိုယ့်ကိုကိုယ် ထိန်း
ကာ အိတ်ကပ် ထဲအမြဲဆောင်ထားတဲ့သူမ
ဒယ်ဒီပေးထားတဲ့ ဆေးကိုထပ်သောက်လိုက်
သည်။ ဒါကို မြူ ကတွေ့တော့..."ရှင် မနက်ကလေးတင်အဲ့ဆေးသောက်
သေးတယ် မဟုတ်လား..""အင်း သိပ်မသက်သာလို့ထပ်သောက်
တာပါ..ခနလေးငါပြန်လာခဲ့မယ်.."မှိုင်းက ပြောရင်း သူမသောက်နေတဲ့ဆေးဘူး
ကိုချကာရုံးခန်းထဲ က ထွက်သွားသည်။
သူမ ထွက်သွားတော့ မြူ ထို တံဆိပ်မပါတဲ့
ဆေးဘူးကိုယူပြီး အထဲက ဆေးလုံးကို
ကြည့်ကာ ဆေးလုံးမှာပါတဲ့ တံဆိပ်ကို
သေချာ Ph နဲ့ ကြည်လင်စွာရိုက်ပြီး မြူ့
သူငယ်ချင်း ဆရာဝန် ရှိုင်းခန့်ကို ဆီ
ပို့လိုက်သည်။ ထိုဆေး ပုံကို ရှိုင်းခန့်ကို
ပို့ပေးရင်း Ph ဆက်လိုက်ကာ..."အေး ရှိုင်းလား ငါ cbကနေ နင့်ကို ဆေး
တစ်လုံး ပုံစံပို့ထားတယ် ငါ့ရဲ့သူငယ်ချင်း
တစ်ယောက် ကဟာ အဲ့ဆေးလုံးကို
ခေါင်းကိုက်တိုင်းခနခနသောက်နေလို့
ငါဘာဆေးမှန်းမသိဘူးဖြစ်နေလို့ နင်
ကြည့်ပြီး cbကနေစာပို့ပေး..""အော်အေးအေး ငါအခုကြည့်လိုက်မယ်နော်"📱
ရှိုင်းခန့်ကို က ထိုသို့ပြောရင်းph ချသွား
သည်။ခနအကြာတော့ ရုံးခန်းထဲ မှိုင်း
ပြန်ရောက်လာသည်။မျက်နာမှာရေစက်
တွေနဲ့ ဖြစ်တာကြောင့် သူမျက်နာသစ်
လာမှန်း မြူ သိလိုက်သည်။ ပြီးနောက်သူ
က မြူ ကို ကျောခိုင်းရင်း စာရင်း စာရွက်
တွေကိုစီနေသည်။ မြူ့ကိုကျောခိုင်း
ထားတဲ့သူ့ကိုကြည့်ရင်း....
VOUS LISEZ
ကြၽန္မရဲ႕ခ်စ္ေသာ🥀 ကျွန်မ ရဲ့ ချစ်သော 🥀(Completed)
Roman d'amourစစ်မှန်သောချစ်ခြင်းတို့သည်.. လှပစွာအဆုံးသတ်ကြသည်..သို့သော်... Own creation 💙 Zawgyi + Uni