EP 9 Uni

2.1K 256 19
                                    

မြူ ခိုးသွင် မနေ့က သူမ သိချင်တဲ့ သတ္တမိုင်း
အကြောင်းကို ငယ်သူငယ်ချင်း သတင်း
ထောက်ဖြစ်တဲ့ ပိုးမီမီဟန် နဲ့ စုံစမ်းခိုင်းထား
သည်။ ပိုးမီမီဟန် ဟာ အရမ်းတော်တဲ့
သတင်းထောက် တစ်ယောက် ဖြစ်တာ
ကြောင့် ဘယ်သတင်းကိုမဆို ရအောင်
စုံစမ်းပေးနိုင်တဲ့လူဖြစ်သည်။ သူမ ရုံးသို့
အစောကြီးသွားပြီး ပိုးမီမီဟန် လာပို့မယ့်
သတင်းကိုစောင့်နေလိုက်သည်။

"ဒေါက်ဒေါက် "

သူမရုံးခန်းတံခါးကိုလာခေါက်နေတာ
ကြောင့်ဝင်ခဲ့ဖို့ သူမ ပြောလိုက်သည်။
တံခါးဖွင့်သံနှင့်အတူ လက်ထဲ မှာစာ
ရွက်စာတမ်းတွေနဲ့ ပိုးမီမီဟန် ။
မြူ လည်းခုံမှထကာ ဧည့်တွေ့ ဆိုဖာတွင်
ပိုးမီမီဟန် နဲ့ မျက်နာချင်း ဆိုင်ထိုင်
လိုက်သည်။

"ငါတော့ အံ့သြ ပြီးရင်း အံ့သြရတယ်
မြူ ရေ..."

ပိုးမီမီဟန် က သူမလက်ထဲကိုင်ထားတဲ့
စာရွက်ကို မြူ ကိုကမ်းပေးရင်းပြောလာ
သည်။ မြူ ထိုစာရွက် ကို ယူကြည့်လိုက်
တော့....

"ဟင်! သတ္တမိုင်း နှစ်ယောက် ဖြစ်နေတာ
လား.."

"မဟုတ်ဘူး တစ်ယောက် က မွေးစား
ထားတာမိန်းကလေး.. ဦးသီဟစိုင်း လို
လူမျိုး က သူ့သွေးသားအရင်းကို တော်
တော်သိတတ်ပုံရတယ်..ကောင်မလေးကို
အိမ်ထောင်စု စာရင်း ထဲတောင်မထည့်
ထားဘူး အမွေခွဲမပေးချင်လို့နဲ့တူတယ်.."

"နေ နေပါဦး...မွေးစားသမီးလည်းပြော
သေးတယ် ဘာလို့ သတ္တမိုင်း နဲ့ ရုပ်က.."

"အေး ဟုတ်တယ်...သွေးသားမတော်ဘဲ
ဒီလိုရုပ်တူတာ ၁၀၀ရာခိုင်နှုန်းမှာ ၁%
တော့အဖြစ်များတယ် ဒါပေမဲ့ သိပ်ကို
ရှားတယ်...ကောင်မလေး က သူ့ကိုယ်သူ
မွေးစားသမီးမှန်းတောင် သိရှာတာမဟုတ်
ဘူး... ငါ့အမ ဝမ်းကွဲ ခေတ်ရသော် က ပြောတယ်..
အခု ကောင်မ​လေး ကို ဦးသီဟစိုင်း က
အသုံးချနေတာတဲ့.."

"ဘယ်..ဘယ်လို..နင့်အမက ဘယ်လို
သိလဲ.."

ပိုးမီမီဟန် ဟာ သက်ပြင်းချ ရင်း....

"နင့် ကိုပြောရမှာတော့ အားနာတယ်..
ငါ့အမ ဝမ်းကွဲ ခေတ်ရသော် က.. သတ္တမိုင်း
နဲ့ ချစ်သူတွေဘဲ...လက်ရှိ သတ္တ မိုင်းက
ကားတိုက်မှု ကြောင့် ကုသမှု ခံ နေရတာ.."

ကြၽန္မရဲ႕ခ်စ္ေသာ🥀 ကျွန်မ ရဲ့ ချစ်သော 🥀(Completed) Donde viven las historias. Descúbrelo ahora