EP 24 Uni

2.2K 242 12
                                    


မြူ ခိုးသွင် နှင့် မှိုင်းတို့ညစာအတူစားပြီးနောက်
မြူ က အရင်ထမင်းဝိုင်းမှ ထကာ ခန်းထဲသို့ဝင်
သွားသည်။ မှိုင်းလည်း ခနအကြာတော့ မြူ့
ရဲ့အခန်းရှေ့ မတ်တပ်ရပ်ရင်း အခန်းတံခါး
ကိုခေါက်လိုက်သည်။

"ဒေါက် ဒေါက် "

"ဝင်ခဲ့ပါ.."

မှိုင်းတံခါးခေါက်သံကိုကြားတော့အခန်းထဲက
မြူ ရဲ့ ခွင့်ပြု သံကို မှိုင်းကြားရ၍တံခါးဖွင့်ပြီး
အခန်းထဲဝင်လိုက်တော့ ကုတင်ပေါ်မှာခြေ
ထောက်ဆင်းပြီးပေါင်ပေါ်Laptopတင်ကာ
စာကြည့်မျက်မှန်လေးနှင့်စာရင်းစစ်နေသည့်
မြူ ခိုးသွင် ကို မှိုင်း တွေ့တော့ နှုတ်ခမ်း တွေကို
ထောင့်ချိူးရင်းပြုံးလိုက်မိသေးသည်။

ဆံပင်ရှည်တွေကိုစုစည်းထားပြီး မျက်မှန်လေး
ကိုပင့်ကာ Laptop နှိပ်နေတဲ့ သူမပုံလေးဟာ
တကယ်ကိုချစ်စရာပင်။ မှိုင်းသူမ အနားသို့
တိုးကပ်ရင်း ကုတင်ပေါ် တစ်စောင်းထိုင်
လိုက်သည်။ ဆံပင်တွေကိုစုစည်းထားလို့
ပေါ်နေတဲ့သူမရဲ့လည်တိုင်ဖွေးဖွေးကာ ကိုက်
ချင်စဖွယ်အတိ။ ပန်းနုရောင် အနည်းငယ်သမ်း
နေတဲ့ မြူ ခိုးသွင် ရဲ့ပါးဖောင်းဖောင်းလေးတွေ
ကိုမှိုင်းကြည့်နေရင်းအသဲယားစွာ လက်နဲ့ဆွဲ
ညှစ်လိုက်တော့သူမက..

"Ah!အလုပ်လုပ်နေတယ်လေ HaYu...ငြိမ်ငြိမ်
နေ မနှောင့်ယှက်နဲ့ ဒီမှာ ဒါလေးစစ်ပြီးရင်ပြီး
ပြီ.."

သူမပါးကို ညှစ်လိုက်တဲ့ မှိုင်းလက်ကိုသူမလက်
နဲ့အသာပုတ်ထုတ်ရင်းသူမက ပြောသည်။
မှိုင်း သူမ ကိုကြည့်ရင်း အသဲယားလွန်းလို့
ငုံထားလိုက်ချင်စိတ်ဟာ တစ်ဖွားဖွားပေါ်လာ
သည်။ သူမပေါင်ပေါ်က Laptop ကို မှိုင်းယူ
ကြည့်ရင်း...

"ဒါ တွေက အရေးမှမကြီးတာ အတွင်းရေးမှူး ကြယ်
စင်ကိုလုပ် ခိုင်းလို့ရတာဘဲဟာကို.."

မှိုင်း ပြောသည်ကိုသူမက ဘာမှပြန်မပြော ဘဲ
နှုတ်ခမ်း ကိုဆူထားပြီး မျက်မှန် ကိုပင့်ကာမှိုင်း
ကိုပြန်ကြည့်နေသည်။ မသိရင်ဆော့နေတဲ့ကလေး
ငယ်ကိုမဆော့ဖို့တားလိုက်သလိုပါဘဲ။ မှိုင်း မြူ့
ရဲ့မျက်နာပေါ်မှာနေရာယူထားတဲ့ မျက်မှန် လေး
ကိုဆွဲချွတ်လိုက်တော့ မြူ က

ကြၽန္မရဲ႕ခ်စ္ေသာ🥀 ကျွန်မ ရဲ့ ချစ်သော 🥀(Completed) Donde viven las historias. Descúbrelo ahora